www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, June 14, 2017

ဂုတ်တွင်းအနီးလေးထပ်ကွေ့တွင် မြေပဲတင်ဆောင်လာသည့် ၁၂ဘီးယာဉ်တိမ်းမှောက်



ကျောက်မဲ ၁၄-၆-၂၀၁၇

ရှမ်းပြည်နယ် (မြောက်ပိုင်း) မန္တလေး-မူဆယ်သွားပြည်ထောင်စု လမ်းမကြီးပေါ်ရှိ ဂုတ်တွင်းအနီး လေးထပ်ကွေ့၌ ယနေ့တွင် မြေပဲတင်ဆောင်လာသော ၁၂ဘီးယာဉ်တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့နယ် နောင်ပိန်ရဲစခန်းအပိုင် မန္တလေး၊ လားရှိုး၊ မူဆယ်သွား ပြည်ထောင်စုလမ်းမကြီး မိုင်တိုင် အမှတ်(၈၄/၁)နှင့်(၈၄/၂)အကြားတွင် ယနေ့နံနက် ၇နာရီ ၃၅ မိနစ်က မန္တလေးမှ လားရှိုးဘက်သို့ ယာဉ်မောင်း ကိုလတ်မောင်းနှင်လာသော မြေပဲအိတ်များ တင်ဆောင်လာသည့် FUSO ၁၂ဘီးယာဉ်သည် ဂုတ်တွင်းအနီး လေးထပ်ကွေ့၌ ပန်းကွေ့စဉ် ဘရိတ်ပေါက်ပြီး နောက်ပြန်လိမ့်ဆင်းကျကာ လမ်းအောက်ဘက် သုံးထပ်ကွေ့မြေသား နံရံဘက်သို့ တိမ်းမှောက်သွားသော်လည်း လူထိခိုက်ဒဏ်ရာရရှိခြင်း မရှိကြောင်းနှင့် ယာဉ်တိမ်းမှောက်မှုကြောင့် လမ်းပိတ်ဆို့မှု မရှိကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်ကို မဆင်မခြင်မောင်းနှင် သူကိုလတ်ကို နောင်ပိန်ရဲစခန်းက ယာဉ်(ပ)၂၇/၂ဝ၁၇၊ရာဇသတ်ကြီး ပုဒ်မ ၂၇၉အရ အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger