www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, June 19, 2017

နိုင်ငံတကာစံချိန်စံညွှန်းမီစေရန် ဆန်စပါးချိန်တွယ်မှု ပြောင်းလဲအသုံးပြုရန်လိုအပ်



ရန်ကုန် ၁၉-၆-၂၀၁၇

မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ ဆန်စပါးများ ရောင်းချရာတွင် နိုင်ငံတကာ စံချိန်စံညွှန်းမီစေရန် ဆန်စပါးချိန်တွယ်မှုကို ပြောင်းလဲအသုံးပြုရန် လိုအပ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရသည်။

ယင်းဆန်စပါး ချိန်တွယ်မှုကို ပြောင်းလဲ ကျင့်သုံးနိုင်ရန် သက်ဆိုင်ရာအစိုးရ အဖွဲ့ထံတင်ပြထားပြီး ချိန်တွယ်နည်းများတွင် ပေါင်အသုံးပြုမည်ဆိုပါက အများအားဖြင့် ၄၆ ပေါင်ယူသော်လည်း တချို့သည် ပေါင် ၅ဝ ကျော်ယူကြောင်း၊ ပေါင် ၅ဝ တွင် ၁ဝ၈ ကီလိုဂရမ်ရှိကြောင်း၊ ယင်းအတွက် နိုင်ငံတကာ စံချိန်စံညွှန်းအတိုင်း လုပ်ဆောင်မည် ဆိုပါက ကီလိုဂရမ်အသုံးပြုခြင်းသည် ချိန်တွယ်ရာတွင် ပိုမိုလွယ်ကူစေမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ချိန်တွယ်ရာတွင် ကတ္တားတစ်ခု နှင့်တစ်ခု ဒသမအစွန်းကွာဟ မှုများလည်းရှိနေပြီး ယင်းတို့ကို ထိန်းချုပ်ကြီးကြပ် သွားရန်လိုအပ်မည် ဖြစ်သည်။ လက်ရှိတွင် ကီလိုဂရမ် အသုံးပြုမည်ဆိုပါက ပြည်ပသို့ ရောင်းချခြင်းနှင့် တွက်ချက်မှုများတွင် အဆင်ပြေစေမည်ဖြစ်ပြီး တခြားသောချိန်တွယ်နည်း များသည် နေရာဒေသချင်း မတူညီသောကြောင့် အငြင်းပွားမှုများ ရှိစေသည်။

တောင်သူလယ်သမားများ အနေဖြင့် ဆန်စပါးရောင်းချရာတွင် အတိအကျ သတ်မှတ်ချက်များ ပါလာမည်ဖြစ်သည့် အတွက်အဆင်ပြေစေမည် ဖြစ်ကြောင်း၊ လတ်တလောတွင် ချိန်တွယ်နည်း ပြောင်းလဲရန် တောင်သူ လယ်သမား များအား အသိပညာပေးခြင်းများ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger