www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, June 27, 2017

စစ်တွေနယ်စပ် ကုန်သွယ်ရေးစခန်း ကုန်သွယ်မှု မောင်တောနယ်စပ် ကုန်သွယ်ရေးစခန်းနှင့် နှိုင်းယှဉ်ပါက လျော့နည်းနေ




ရန်ကုန် ၂၇-၆-၂၀၁၇

စစ်တွေနယ်စပ် ကုန်သွယ်ရေးစခန်း ကုန်သွယ်မှုသည် ယခင်နှစ်ကထက် ပိုများလာသော်လည်း မောင်တောနယ်စပ် ကုန်သွယ်ရေးစခန်းနှင့် နှိုင်းယှဉ်ကြည့်ပါက လျော့နည်းနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနယ်စပ် ကုန်သွယ်ရေးဦးစီးဌာနမှ သိရသည်။

၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်အတွင်း ဧပြီလမှ ဇွန်လအထိ စစ်တွေနယ်စပ် ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုမှာ ပို့ကုန်သုည ဒသမ ၅၅ဝ မက်ထရစ်တန်၊ သွင်းကုန်သုည ဒသမ ဝ၁၃ မက်ထရစ်တန်တို့ အပါအဝင် ကုန်သွယ်မှုသုည ဒသမ ၅၆၃ မက်ထရစ်တန် ရှိပြီး ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင် ပို့ကုန်သုည ဒသမ ၅၃၂ မက်ထရစ်တန်၊ သွင်းကုန်သုည ဒသမ ၁၆၉ မက်ထရစ်တန်တို့ အပါအဝင် ကုန်သွယ်မှု သုညဒသမ ၇ဝ၁ မက်ထရစ်တန် ရှိခဲ့သည်။

မောင်တောနယ်စပ် ကုန်သွယ်ရေးစခန်းမှ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်အတွင်း ဧပြီလမှဇွန်လအထိ ကုန်သွယ်မှုမှာ ပို့ကုန် ၂ ဒသမ ဝ၈၂ မက်ထရစ်တန်ဖြစ် သဖြင့်စစ်တွေ နယ်စပ်ကုန်သွယ်ရေး စခန်းထက် ပိုများနေကြောင်းသိရ သည်။ ယခင်ကစစ်တွေမှ ဘူးသီးတောင်၊ ဘူးသီးတောင်မှ မောင်တော၊ မောင်တောမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဘီလူးကျွန်းဆိပ်ကမ်းသို့ ရေလမ်းကြောင်းမှ သွားလာခဲ့ကြသော်လည်း ယခုနောက်ပိုင်းတွင် စစ်တွေမှ မောင်တောအထိ တိုက်ရိုက်ကို ဇက်များဖြင့် မေယုမြစ်ပေါ်ဖြတ်၍ သွားလာနိုင်ကြောင်း သိရသည်။

''စစ်တွေက ကုန်စည်တင်ပို့ဖို့ သွားမယ်ဆိုရင် စက်လှေအသေးနဲ့ ဘင်္ဂလားပင်လယ်အော်ကို ဖြတ်ပြီးတော့ သွားရတာ ဖြစ်တဲ့အတွက် သိပ်အဆင်မပြေဘူး။ ဒါကြောင့် စက်လှေအကြီးပေါ်မှာ ကုန်သည်တွေ စုပေါင်းကုန်စည် တွေစု ပြီးတော့ တင်ပို့ရတာကြောင့် မြန်ဆန်မှု အားနည်းပါတယ်''ဟု စစ်တွေအခြေစိုက် ကုန်သည်တစ်ဦးက ပြောသည်။

ထို့ပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဘီလူးကျွန်းဆိပ်ကမ်းသို့ မောင်တောမှ စက်လှေများ ဆိုက်ကပ်လာပါက စစ်တွေဘက်မှ စက်လှေများမှာ ခေတ္တရပ်နားထားရကာ မောင်တောမှသွားသည့် စက်လှေများမှာ လုံခြုံရေး အခြေအနေ ကြောင့် ညအိပ်ရန်မလိုဘဲ ကုန်များချက်ချင်းချ၍ နေ့ချင်းပြန် သွားလာရကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger