www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, June 7, 2017

၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်၏ ပို့ကုန်အမည်သစ် အဖြစ်မြန်မာနိုင်ငံထွက် လိုက်ချီးသီးများကို တရုတ်နိုင်ငံဈေးကွက်သို့ စမ်းသပ်တင်ပို့




နေပြည်တော် ၇-၆-၂၀၁၇

၂ဝ၁၇-၂ဝ၁၈ဘဏ္ဍာနှစ်၏ ပို့ကုန်အမည်သစ်အဖြစ် မြန်မာနိုင်ငံထွက် လိုက်ချီးသီးများကို တရုတ်နိုင်ငံ ဈေးကွက်သို့ စမ်းသပ်တင်ပို့ ပေးခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန သတင်းများအရ သိရသည်။

တရုတ်နိုင်ငံသို့ လိုက်ချီးသီးများကို ပြီးခဲ့သည့်မေလက လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ စတင်စမ်းသပ်တင်ပို့ ခဲ့ခြင်းဖြစ်သည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန သတင်းများအရ ၂ဝ၁၇-၂ဝ၁၈ဘဏ္ဍာနှစ်မေလက ပို့ကုန်အဖြစ် လိုက်ချီးသီး လေးတန်တင်ပို့နိုင်ခဲ့ပြီး တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၄ဝ ဈေးနှုန်းဖြင့် တရုတ်နိုင်ငံသို့တင်ပို့ ရောင်းချပေးခဲ့ခြင်း ဖြစ်သည်။

အဆိုပါစမ်း သပ်တင်ပို့ခဲ့သည့် လိုက်ချီးသီးများမှာ ဗန်းမော်ဒေသအတွင်း ကျေးရွာများမှ စိုက်ပျိုးထွက်ရှိနေသည့် လိုက်ချီးသီးများ ဖြစ်သည်။ ဈေးကွက်စမ်းသပ် တင်ပို့ခြင်းဖြစ်၍ တင်ပို့မှုတန်ချိန်နည်းနေ သော်လည်းတရုတ်နိုင်ငံ ဈေးကွက်များရှိ ဝယ်လက်များနှင့် သေချာစွာ ချိတ်ဆက်ဆောင်ရွက်ထားပြီး ဖြစ်သောကြောင့် တန်ချိန်ပမာဏများစွာ တင်ပို့နိုင်မည့် အခြေအနေတွင် ရှိနေပြီးတန်ချိန် ပမာဏများစွာတင်ပို့ ရောင်းချပေးနိုင်ရေးအတွက် ဆက်လက် ကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

လိုက်ချီးသည် အပူပိုင်းနှင့် သမပိုင်းဇုန်ဒေသ မျိုးနွယ်ဝင်ဖြစ်ပြီး မူလဒေသမှာ တရုတ်နိုင်ငံဖြစ်သည်။ မွှေးပျံ့သည့် လိုက်ချီးသီး ရနံ့ကြောင့် ဟင်းပွဲများတွင်လည်း ထည့်သွင်းအသုံးပြု ကြသည်။

အာရှနိုင်ငံများတွင် အချိုပွဲအဖြစ် အသုံးပြုနေကြသော်လည်း အနောက်နိုင်ငံများတွင် တန်ဖိုးမြင့် စားသောက်ဆိုင်များ၌ပါ အသုံးပြုနေကြပြီ ဖြစ်ကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger