www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, June 5, 2017

ကျောက်မျက်ရတနာ အခွန်နှုန်းထား မြင့်မားနေခြင်းကြောင့် ငါးနှစ်ကျော်အတွင်း ဈေးကွက်အဆိုးဆုံး အခြေအနေသို့ရောက်ရှိ



မန္တလေး ၅-၆-၂၀၁၇

ကျောက်မျက်ရတနာ အခွန်နှုန်းထားကောက်ခံမှု မြင့်မားနေခြင်းကြောင့် ကျောက်မျက်ရတနာ ဈေးကွက် ငါးနှစ်ကျော်အတွင်း အဆိုးဆုံးအခြေအနေသို့ ရောက်ရှိနေကြောင်း မန္တလေးတိုင်းဒေသကြီး ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း ဥက္ကဌဦး မြင့်ဟန်က ပြောပြသည်။

၂ဝ၁၃-၂ဝ၁၄ ခုနှစ်တွင် ကျောက်မျက်ရတနာ အခွန်နှုန်းထားသည် ၁ဝရာခိုင်နှုန်းသာ ကောက်ခံခဲ့သော်လည်း ယခုအခါ ၂ဝ၁၇-၂ဝ၁၈ခုနှစ်၌ ၁၅ရာခိုင်နှုန်းထိ ပေးဆောင်နေကြရသည့် အတွက် ကျောက်သမားများ အနေဖြင့် အခွန်နှုန်းထား များပြားနေခြင်းကြောင့် ဝယ်ယူမှု လျော့ပါးနေကြောင်း ဦးမြင့်ဟန်ထံမှ သိရသည်။

''ဈေးကွက်စီးပွားရေးတစ်ခု ကျဆင်းရတယ်ဆိုတာကလဲ အကြောင်းတရား တစ်ခုထဲတော့ မဟုတ်ပါဘူး။ အကြောင်းခြင်းရာတွေ အများကြီးတိုက်ဆိုင်သွားလို့လဲ ပါပါတယ်။ တရုတ်နိုင်ငံရဲ့ စီးပွားရေး၊ နိုင်ငံရေးနဲ့ အဂတိ တိုက်ဖျက် ရေးစနစ်တွေ ဆက်တိုက်လုပ်လာတဲ့ အပေါ်မှာလဲ မူတည်ပါတယ်။ အဲဒါကြောင့် ကျောက်ကဝယ်လိုအား တွေကျပြီး ဈေးကွက်ပျက် သွားရတာပါ။ အခုလက်ရှိ အခြေအနေကတော့ ကျောက်ဈေးကွက် အဆိုးဆုံးလို့ ပြောလို့ ရပါ တယ်''ဟု ကျောက်မျက်ရတနာ လုပ်ငန်းရှင်တစ်ဦးက ပြောပြသည်။

ကျောက်မျက် ရတနာဈေးကွက် ကျဆင်းသွားရခြင်းမှာ အဓိကဝယ်လက်တစ်ခု ဖြစ်သော တရုတ်နိုင်ငံဘက်မှ ဝယ်လိုအားသိသိသာသာ ကျဆင်းသွားခြင်း၊ ကျောက်မျက်ရတနာ အခွန်နှုန်းထား တိုးမြှင့်ကောက်ခံခြင်း တို့ကြောင့် ဖြစ်ကြောင်း ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်သူများက ပြောပြသည်။

မန္တလေး မဟာအောင်မြေ ကျောက်ဝိုင်းတွင် နေ့စဉ်နှင့်အမျှ ကျောက်မျက်ရတနာလုပ်ငန်း လုပ်ကိုင်သူဦးရေ တစ်ထောင်ကျော်ထိ ဝင်ထွက်သွားလာ နေကြသော်လည်း တန်ဖိုးနည်းကျောက် ငွေကျပ်သိန်း ၅ဝဝ အောက်ကျောက်များသာ အရောင်းအဝယ် ဖြစ်နေကြောင်းနှင့် တန်ဖိုးမြင့် ကျောက်များသည် ဈေးလျှော့ကာ ရောင်းချမှသာ အရောင်းအဝယ် ဖြစ်နေကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger