www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, June 15, 2017

ပင်လယ်ပြင်ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆက်လက်လုပ်ဆောင်


တပ်မတော် (ရေ) မှ စစ်ရေယာဉ်နှင့်ငါးဖမ်းစက်လှေများ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို (ရေ) ဆက်လက် ဆောင်ရွက်စဉ်။ 
တပ်မတော် (လေ) မှ Y-8 လေယာဉ်အား စစ်ရေယာဉ်များဖြင့် ရှာဖွေရေးဆောင်ရွက်သည့်ဧရိယာပြပုံ (၁၄-၆-၂ဝ၁၇)  
ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ)၊ လေတပ်ဆွယ်(ထားဝယ်) (၁၄-၆-၂ဝ၁၇) ရက်နေ့တွင် ရှာဖွေရေးဆောင်ရွက်သည့်ဧရိယာပြပုံ

နေပြည်တော် ၁၅-၆-၂၀၁၇

ပျက်ကျသွားခဲ့သည့် တပ်မတော်ပို့ဆောင်ရေး Y-8 လေယာဉ်အား တပ်မတော်(ရေ)မှ စစ်ရေယာဉ်များ၊ တပ်မတော်(လေ)မှ လေယာဉ်၊ ရဟတ်ယာဉ်များ၊ မြေပြင်တပ်များနှင့် ဒေသခံပြည်သူများ၊ ငါးဖမ်းစက်လှေများ ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို လုပ်ဆောင်လျက်ရှိရာ ယနေ့နံနက် ၁ဝနာရီခွဲတွင် မောင်းမကန်-မရင်းကြီးကမ်းခြေ တစ်လျှောက် ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်နေသည့် မြေပြင်တပ်များက မရင်းကြီးကျေးရွာ အနီး၌ အမျိုးသားရုပ်အလောင်း တစ်လောင်းရှာဖွေ တွေ့ရှိခဲ့သဖြင့် ယခုအချိန်အထိ စုစုပေါင်း ရုပ်အလောင်း ၈၇ လောင်း ရှာဖွေတွေ့ရှိပြီး ဖြစ်သည်။

ပင်လယ်ပြင်အတွင်း ယနေ့ထပ်မံဆယ်ယူ ရရှိခဲ့သည့် ရုပ်အလောင်းအား ထားဝယ်မြို့ရှိ တပ်မတော်ဆေးရုံသို့ ပို့ဆောင်ပြီး လိုအပ်သည့် ဆေးဘက်ဆိုင်ရာ စစ်ဆေးမှုများ၊ ကျန်ရစ်သူမိသားစုများက ကြည့်ရှုစစ်ဆေးမှုများ လုပ် ဆောင်ခဲ့သည်။ သက်ဆိုင်ရာမိသားစုများ ရောက်ရှိလာသော ရုပ်အလောင်း ၂၃ လောင်းကိုလည်း ယနေ့တွင် ဗုဒ္ဓဘာသာထုံးတမ်း စဉ်လာများ၊ တပ်မတော်လုပ်ထုံးလုပ်နည်း များနှင့်အညီ ကောင်းမွန်စွာ ထပ်မံသင်္ဂြိုဟ်ပေးခဲ့ ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger