www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, June 12, 2017

ပခုက္ကူမြို့ သီတဂူစက္ခုဒါနတံတားဦးဆေးရုံ၌ လာမည့်သြဂုတ်လတွင် ဒုတိယအကြိမ်အခမဲ့ ကုသနိုင်ရန် ပရဟိတအသင်းများနှင့် ချိတ်ဆက်စီစဉ်နေ



ပခုက္ကူ ၁၂-၆-၂၀၁၇

မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့ သီတဂူစက္ခုဒါန တံတားဦးဆေးရုံ၌ လာမည့်သြဂုတ်လတွင် မျက်စိရောဂါ ဝေဒနာရှင်များကို ဒုတိယအကြိမ်အခမဲ့ ကုသနိုင်ရန် အမြို့မြို့အနယ်နယ်ရှိ ပရဟိတ အသင်းများနှင့် ပုဂ္ဂလိကစေတနာ ရှင်များ ချိတ်ဆက်၍စီစဉ်နေကြောင်း ပခုက္ကူမြို့ သီတဂူစက္ခုဒါနတံတားဦးဆေးရုံမှ တာဝန်ရှိသူတစ်ဦးက ပြောပြ၍ သိရသည်။

ပခုက္ကူမြို့ သီတဂူစက္ခုဒါနတံတားဦး ဆေးရုံတွင် ယခုနှစ် မေ ၂၃ရက်မှ ၂၇ ရက်ထိ ရပ်ဝေးရပ်နီးမှ မျက်စိရောဂါ ဝေဒနာရှင် ၁၈ဝ၇ဦးကို စမ်းသပ်စစ်ဆေး မှုများပြုလုပ်ကာ ကာကွယ်ကုသခဲ့၍ မျက်စိခွဲစိတ်ဝေဒနာရှင် ၃ဝ၆ဦး ကိုလည်း အောင်မြင်စွာ ခွဲစိတ်ကုသပေးခဲ့သည်။ ယခုနှစ် သြဂုတ်လတွင်လည်း ဒုတိယအကြိမ် ကုသနိုင်ရန်အတွက် ရန်ကုန်၊ မန္တလေးနှင့် ပခုက္ကူမြို့တို့မှ ပရဟိတအသင်းများ၊ ပုဂ္ဂလိကစေတနာရှင်များနှင့် ချိတ်ဆက်၍စီစဉ်နေပြီ ဖြစ်ကြောင်း သိရသည်။

''သီတဂူဆရာတော်ကြီးရဲ့ ပံ့ပိုးမှုနဲ့ သြဝါဒတွေခံယူပြီး ရန်ကုန်၊ မန္တလေး စတဲ့မြို့တွေက အလှူရှင်တွေ ပခုက္ကူမြို့က ဆရာဝန်ကြီးတွေနဲ့ပူးပေါင်းပြီး ဒုတိယအကြိမ်ကုသနိုင်ဖို့ ညှိနှိုင်းမှုတွေ ပြုလုပ်နေပါတယ်။ ကုသမှုခံယူတဲ့အခါမှာ လဲအခမဲ့ကုသပေးသလို အလှူရှင်တွေပေါ်ပေါက်မှု အပေါ်မူတည်ပြီး ထမင်းကျွေးမွေးတာ တွေကိုလဲ ပြုလုပ်သွားမှာပါ။ လောလောဆယ်တော့ ခြောက်လတစ်ကြိမ်ပဲ ကုသနိုင်ပါသေးတယ်။ အမြဲကုသဖို့ အတွက်တော့ ဆေးဝါးနဲ့ ငွေအင်အားတွေ လိုပါသေးတယ်''ဟု ၎င်းကဆက်လက် ပြောပြသည်။

ပခုက္ကူမြို့ သီတဂူစက္ခုဒါနတံတားဦး ဆေးရုံသည် ခုတင် ၁၅ဝဆံ့ဖြစ်ပြီး မျက်စိဝေဒနာရှင်များအတွက် အထူးကုသပေးသည့် ဆေးရုံတစ်ရုံဖြစ်သည်။ ထို့ပြင်ခြောက်လတစ်ကြိမ် ကုသမှု၏ ကြားကာလတွင် အထွေထွေရောဂါ စမ်းသပ်ကုသမှုများကို ဆောင်ရွက်ပေးရန်လည်း သီတဂူဆရာတော်ကြီးက မြွက်ကြားထားကြောင်း သိရသည်။

အဆိုပါ ဆေးရုံ၌ လက်ရှိအချိန်တွင် ခွဲစိတ်စက်နှစ်လုံး၊ စမ်းသပ်စက်နှစ်လုံး၊ မီးစက်နှင့်ဆေး ပစ္စည်းစုံလင်စွာဖြင့် မျက်စိရောဂါ ဝေဒနာရှင်အား ကုသနိုင်ရန် သီတဂူဆရာတော်ကြီးက အသင့်စီစဉ်ပေးထားကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger