www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, May 12, 2017

မြန်မာနိုင်ငံ အနေဖြင့် အာဆီယံနိုင်ငံများ နည်းတူ Tourism Promotion များ လုပ်ဆောင်နိုင်ရန်စီမံနေ



ရန်ကုန် ၁၂-၅-၂၀၁၇

မြန်မာနိုင်ငံအနေဖြင့် အာဆီယံနိုင်ငံများ နည်းတူ Tourism Promotion လုပ်ငန်းများ လုပ်ဆောင်နိုင် ရေးအတွက် စီမံဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံဟိုတယ် ဆိုင်ရာလုပ်ငန်း ရှင်များအသင်း၏ သတင်းများအရ သိရသည်။

ထို့ကြောင့် အာဆီယံနိုင်ငံများ အနေဖြင့်လည်း မိမိတို့နိုင်ငံ၏ခရီး သွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လာစေရေးအတွက် Tourism Promotion လုပ်ငန်းများကို အလေးထား ဆောင်ရွက်လျက်ရှိသည်။

Tourism Promotion လုပ်ငန်းအစီအစဉ်များ လုပ်ကိုင်ဆောင် ရွက်ရာတွင် ငွေကြေးကုန်ကျမှု များစွာရှိပြီး နိုင်ငံတကာတွင် Tourism Promotion ရန်ပုံငွေအတွက် နိုင်ငံတော်မှ ဘတ်ဂျက်တောင်းခံ ခြင်းမပြုဘဲ လာရောက်လည်ပတ် နေကြသည့် နိုင်ငံတကာခရီးသွား ဧည့်သည်များထံမှ အမေရိကန် တစ်ဒေါ်လာ၊ နှစ်ဒေါ်လာ စသည်ဖြင့် ကောက်ခံကာTourism Promotion လုပ်ငန်းများကို လုပ်ကိုင် ဆောင်ရွက် ကြသည်။

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာနှင့် အာဆီယံနိုင်ငံများ တွင်ကျင့်သုံးနေသည့် နည်းစနစ်များအတိုင်း လာရောက် လည်ပတ်ကြသည့် နိုင်ငံတကာ ခရီးသွားဧည့်သည်များကို ဟိုတယ်နှင့်ခရီး သွားလာရေး ဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် တစ်ဦးလျှင် အမေရိကန် တစ်ဒေါ်လာ နှစ်ဒေါ်လာ စသည်ဖြင့်ကောက်ခံသွား မည်ဖြစ်ပြီး Work Permit ဖြင့်လာရောက်ကာ ကာလရှည် နေထိုင်မည့် နိုင်ငံခြားသားများ အတွက်ကောက်ခံမှုကို အစိုးရအဖွဲ့မှဆုံးဖြတ်ကောက်ခံ သွားမည်ဖြစ်သည်။

ထိုသို့ဆောင်ရွက် ရန်အတွက် ဧပြီ၂၆ရက်က ကျင်းပပြုလုပ်ခဲ့သည့် အမျိုးသားခရီးသွား လုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေး ဗဟိုကော်မတီလုပ်ငန်း ညှိနှိုင်းအစည်း အဝေးတွင် အကြမ်းဖျဉ်း သဘောတူ ဆုံးဖြတ်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger