www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, May 15, 2017

မြန်မာနိုင်ငံ၏ ပြည်တွင်းပြည်ပ ခရီးသွားလာမှုနှုန်းသည် ယခင်နှစ်ထက် ၄၀ ရာခိုင်နှုန်းခန့် မြင့်တက်



မန္တလေးမြို့ရှိ အတုမရှိကျောင်းတော်ကြီးသို့ နိုင်ငံခြားခရီးသွားဧည့်သည်များ လာရောက်လည်ပတ်နေသည်ကိုတွေ့ရစဉ်။

ရန်ကုန် ၁၅-၅-၂၀၁၇

မြန်မာနိုင်ငံ၏ ပြည်တွင်းပြည်ပ ခရီးသွားလာမှု နှုန်းသည် ယခင်နှစ်ထက် ၄ဝ ရာခိုင်နှုန်းခန့် မြင့်တက်လာကြောင်း ခရီးသွားဝန်ဆောင်မှု လုပ်ငန်း လုပ်ကိုင်နေသည့် ဒေါ်စံပယ်အောင်ထံမှ သိရသည်။

ယခုနှစ်တွင် ခရီးသွားလာမှုနှုန်း ၄ဝ ရာခိုင်နှုန်း ခန့်မြင့်တက်လာ ခြင်းသည် သင်္ကြန်ပိတ်ရက် လျှော့ချခြင်းနှင့် လာမည့်နှစ်များတွင် သင်္ကြန်ပိတ်ရက် ၁ဝ ရက် မရတော့မည်ကို စိုးရိမ်ကြသည့် အတွက် ခရီးသွားလာမှုနှုန်း သိသိသာသာ မြင့်တက်လာရခြင်း ဖြစ်ကြောင်း သိရသည်။

''ဒီနှစ်မှာ သင်္ကြန်ပိတ်ရက်က အပြောင်းအလဲ ဖြစ်တဲ့အချိန်မှာ အလုပ်သမားတွေ၊ ဝန်ထမ်းတွေက နောက်နှစ်တွေမှာ ပိတ်ရက်နည်းမှာစိုးတဲ့ သဘောလည်းရှိတယ်။ အရင်နှစ်တွေနဲ့မတူဘဲူးထူးခြားခြားခရီး ထွက်တာတွေ့ ရပါတယ်။ သုံးသပ်ကြည့် မယ်ဆိုရင် ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်မှာ ခရီးသွားလာမှု ပိုများပါတယ်'' ဟု ဒေါ်စံပယ်အောင် ကပြောသည်။

လက်ရှိတွင် ပြည်တွင်းမှ ခရီးသွားများ အနေဖြင့် ထိုင်းနိုင်ငံ ဗန်ကောက်မြို့နှင့် ဗီယက်နမ်နိုင်ငံတို့သို့ အများဆုံးသွားရောက် လည်ပတ်ကြပြီး ပြည်ပခရီးသွားများ အနေဖြင့်လည်း ဧပြီလကုန်ပိုင်းတွင် နည်းငယ် လျော့နည်းသွားကြောင်း သိရသည်။

မြန်မာနိုင်ငံမှ ပြည်ပသို့ခရီး သွားလိုသူ များမှာလည်း ဒေါ်လာဈေးအတက်အကျ များကြောင့် ယခုနှစ် နှစ်ဆန်းပိုင်းတွင် အနည်းငယ် အတက်အကျဖြစ်ခဲ့ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger