www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, May 18, 2017

ရတနာပုံတိရစ္ဆာန် ဥယျာဉ်သို့လာရောက် လည်ပတ်သည့် ခရီးသွားများ အန္တရာယ်မဖြစ်စေရန် ပြကွက်များကို တစ်နေ့လျှင် လေးကြိမ်လိုက်လံ စစ်ဆေး၍ လုံခြုံရေးတိုးမြှင့်ဆောင်ရွက်



မန္တလေး ၁၈-၅-၂၀၁၇

ရတနာပုံတိရစ္ဆာန် ဥယျာဉ်သို့ လာရောက်လည်ပတ်သည့် ခရီးသွားများ အန္တရာယ်မဖြစ်စေရန် ပြကွက်များကို တစ်နေ့လျှင် လေးကြိမ် လိုက်လံစစ်ဆေး၍ လုံခြုံရေး တိုးမြှင့်ဆောင်ရွက်နေကြောင်း ရတနာပုံတိရစ္ဆာန်ဥယျာဉ် တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

ယခင်ရန်ကုန် တရိစ္ဆာန်ဥယျာဉ်၌ ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များကြောင့် ရတနာပုံ တရိစ္ဆာန်ဥ ယျာဉ်၌လည်း အဆိုပါဖြစ်စဉ်များ မဖြစ်စေရန် ပြသထားသည့် ပြကွက်များကို ကြီးကြပ်ရေးအဖွဲ့များ ဖွဲ့စည်း၍ တစ်နေ့လျှင်လေးကြိမ် လိုက်လံစစ်ဆေးမှု များကို ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

''အရင်ကတော့ ခြံဝင်းတွေနဲ့ အကောင်တွေ လုံခြုံမှုရှိ၊မရှိကို တစ်နေ့နှစ်ကြိမ်လောက် စစ်ဆေးမှုတွေ ပြုလုပ်ပါတယ်။ ရန်ကုန်တိရစ္ဆာန် ဥယျာဉ်မှာ မျောက်တစ် ကောင်လွတ်သွားပြီး လူကိုလိုက်ကိုက်တဲ့ ဖြစ်စဉ်ကြောင့် အခုလိုလေးကြိမ်စစ်ဆေးမှုတွေ တိုးမြှင့်ပြီး ဆောင်ရွက်တာပါ။ ပြီးတော့ ခြံဝင်းတွေကိုလဲ သော့တစ်လုံးအပြင် နောက်ထပ်နှစ်လုံး ထပ်ပြီးခတ် ထားပါတယ်။ လာရောက် လည်ပတ်ကြတဲ့ ခရီးသွားတွေ လုံခြုံစေဖို့ ခြံတံခါးအပြင် Springs တံခါးတွေ ကိုလဲ တပ်ဆင်ထားပါတယ်''ဟု ၎င်းက ပြောပြသည်။

မိုးကာလ၌ တိရစ္ဆာ န်များ အတွက် ကျန်းမာရေး စောင့်ရှောက်မှု များကိုလည်း တိရစ္ဆာ န် ဆရာဝန်များ ဖြင့်ကြီးကြပ် စစ်ဆေး၍ တိုးမြှင့်ဆောင်ရွက် လျက်ရှိကြောင်း၊ ရတနာပုံတိရစ္ဆာန် ဥယျာဉ်အတွင်း၌ ခရီးသွားပြည်သူများ လုံခြုံစေရန်အတွက် ဂိတ်များတွင် CCTV များတပ်ဆင်ထားကြောင်း ၊ ယခုလက်ရှိ အချိန်တွင် လုံခြုံရေးအင်အား၂၈ဦးဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger