www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, May 17, 2017

သာစည်မြို့နယ်၊ ကြာဘက်ကုန်းကျေးရွာ၌ စက်ရေတွင်းနှင့် ရေစုကန်ဆောက်လုပ်လှူဒါန်း


တပ်မတော်သားများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက လှူဒါန်းသော ရေစုကန်ကို ဒေသခံပြည်သူများ အသုံးပြုစဉ်။

နေပြည်တော် ၁၇-၅-၂၀၁၇

သောက်သုံးရေ ရှားပါးလျက်ရှိသည့် မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ကြာဘက်ကုန်းကျေးရွာ၌ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေခံတပ်ရင်းမှ တပ်မတော်သားများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်း၍ ၄လက်မ စက်ရေတွင်း၊ ရေစုကန်နှင့် ရေစက် အဆောက်အအုံတို့ကို ဧပြီ ၃ဝ ရက်မှ စတင်ဆောက်လုပ် လှူဒါန်းခဲ့ရာ မေ ၁၃ ရက်တွင် ဆောက်လုပ်ပြီးစီး ခဲ့ကြောင်း သိရှိရသည်။

အဆိုပါကျေးရွာ၌ အိမ်ခြေ ၃၇၄ လုံး၊ လူဦးရေ ၁၇၁၉ ဦးတို့ နေထိုင်လျက်ရှိပြီး ယခင်က စက်ရေတွင်းနှင့် လက်ရိုက်တွင်းများကို တစ်ပိုင်တစ်နိုင် တူးဖော်ကြသော်လည်း ထွက်ရှိလာသည့် ရေများမှာ ရေငန်များဖြစ်ခြင်း နှင့် ထုံးဓာတ်များပါနေ ခြင်းကြောင့် သောက်သုံးရေကို သာစည်မြို့မှ ဝယ်ယူသောက်သုံးရကာ သောက်သုံးရေ ရှားပါးသည့် အခက်အခဲများကို နှစ်စဉ်ကြုံတွေ့ နေရကြောင်း သိရှိရသည်။

ယခုတူးဖော် ဆောက်လုပ်လှူဒါန်း ခဲ့သည့် စက်ရေတွင်းမှ နေ့စဉ်သောက်သုံးရေ ၄၈ဝဝ ဂါလန်ကို မေ ၁၅ ရက်မှ စတင်ဖြန့်ဝေသုံးစွဲ လျက်ရှိကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger