www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, May 25, 2017

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဂျပန်နိုင်ငံ၊ နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌနှင့် ဂျပန်အစိုးရ၏ အထူးသံတမန်အား လက်ခံတွေ့ဆုံ


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံ ၏အမျိုးသားရင်ကြားစေ့ရေးဆိုင်ရာ ဂျပန်အစိုးရ၏အထူးသံတမန် H.E.Mr. Yohei SASAKAWA 
အား လက်ခံတွေ့ဆုံစဉ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံ၏အမျိုးသားရင်ကြားစေ့ရေးဆိုင်ရာ ဂျပန်အစိုးရ၏အထူးသံတမန် H.E.Mr. Yohei SASAKAWA တို့ 
တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းဓာတ်ပုံရိုက်စဉ်။

နေပြည်တော် ၂၅-၅-၂၀၁၇

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ ညနေ ၃ နာရီတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ နိပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံ၏ အမျိုးသားရင်ကြားစေ့ ရေးဆိုင်ရာ ဂျပန်အစိုးရ၏ အထူးသံတမန် H.E. Mr. Yohei SASAKAWA အား လက်ခံတွေ့ဆုံသည်။

တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ တပ်မတော် အရာရှိကြီးများ၊ ဂျပန်အစိုးရ၏ အထူးသံတမန်နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီး H.E.Mr.Tateshi HIGUCHI တို့တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာ-ဂျပန်နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်ရေးအတွက် အရှိန်အဟုန်မြှင့်တင်ရေး ကိစ္စရပ်များနှင့် လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားနေသည့် နယ်မြေများ၏ ဒေသဖွံ့ဖြိုး တိုးတက်ရေးကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ အပြန်အလှန်ဆွေးနွေးကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ဂျပန်အစိုးရ၏ အထူးသံတမန်တို့သည် တက်ရောက်လာကြသူများ နှင့်အတူအမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger