www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, May 17, 2017

မြန်မာ့သိုင်းသင်တန်း ဖွင့်ပွဲပြုလုပ်


အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဝင်းဗိုလ်ရှိန် မြန်မာ့သိုင်းသင်တန်းအမှတ်စဉ် (၁/၂ဝ၁၇) ဖွင့်ပွဲတွင် အမှာစကားပြောကြားစဉ်။

နေပြည်တော် ၁၇-၅-၂၀၁၇

အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၏ မြန်မာ့ သိုင်းသင်တန်း အမှတ်စဉ် (၁/၂ဝ၁၇) ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် ရန်အောင်မြင်ခန်းမ၌ ပြုလုပ်ရာ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဝင်းဗိုလ်ရှိန်နှင့်အရာရှိ၊ စစ်သည်၊ မိသားစုများ၊ သင်တန်း နည်းပြများနှင့် သင်တန်းသားများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက သင်တန်းဖွင့် အမှာစကား ပြောကြားပြီး သင်တန်းနည်းပြများနှင့် သင်တန်းသားများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်သည်။

အဆိုပါသင်တန်းကို တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ သင်တန်းသား ၁ဝဝ ဦးဖြင့် ဇူလိုင် ၇ ရက်အထိ ဖွင့်လှစ်သင်ကြား သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger