www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, May 5, 2017

၂ဝ၁၇ ခုနှစ် ဧပြီလအတွင်း ရွှေတိဂုံစေတီတော်သို့ ကမ္ဘာလှည့် ခရီးသွားဧည့် သည် ၄ဝဝဝဝ ကျော် လာရောက်ဖူးမြော်



ရန်ကုန် ၅-၅-၂၀၁၇

ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်သို့ ၂ဝ၁၇ ခုနှစ် ဧပြီလ တစ်လတာကာလ အတွင်း ကမ္ဘာလှည့် ခရီးသွားဧည့်သည် ၄ဝ၇၈၉ ဦး လာရောက်ဖူးမြော် ခဲ့ကြောင်း ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့မှ သိရသည်။

၂ဝ၁၆ ခုနှစ် ဧပြီလက ကမ္ဘာလှည့်ခရီး သွားဧည့်သည် ၃၂၆၈၃ ဦးသာ လာရောက်ခဲ့ရာ ၂ဝ၁၇ ခုနှစ် ဧပြီလသည် ၂ဝ၁၆ ခုနှစ် ဧပြီလထက် ကမ္ဘာ လှည့်ခရီးသွား ဧည့်သည် ၈ဝဝဝ ကျော် ပိုမိုလာရောက်ခဲ့ ခြင်းဖြစ်သည်။

ထိုသို့ ကမ္ဘာလှည့်ခရီးသွား ဧည့်သည်များ လာရောက်ခဲ့ ခြင်းကြောင့် ဧည့်ဝင်ကြေးငွေ အဖြစ် ငွေကျပ် ၃၂၆၃၁၂ဝဝဝ နှင့် အမေရိကန်ဒေါ်လာ ၅ဝ၄ ဒေါ်လာကို လက်ခံ ရရှိခဲ့သည့် အပြင် အလှူတော်ရငွေ အဖြစ် အမေရိကန်ဒေါ်လာ ၅၄၆၈ ဒေါ်လာကို ရရှိခဲ့သည်။

ထိုလအတွင်း ကမ္ဘာလှည့်ခရီးသွား ဧည့်သည်အများဆုံးလာ ရောက်ကြသည့် နိုင်ငံငါးခုမှာ ထိုင်း၊ တရုတ်၊ ဂျာမနီ၊ ပြင်သစ်နှင့် ဂျပန်နိုင်ငံတို့ဖြစ်ကြပြီး အစ္စရေး၊ တောင်အာဖရိက၊ ပါကစ္စတန်၊ အာရပ်နှင့် အင်ဒိုနီးရှား
နိုင်ငံတို့မှာ အနည်းဆုံးလာ ရောက်ကြသည်။

ထိုသို့လာရောက်ကြသော နိုင်ငံတို့၌ ထိုင်းနိုင်ငံမှ ၇၇၄၉ ဦး၊ တရုတ်နိုင်ငံမှ ၂၂၉၅ ဦး၊ ဂျာမနီနိုင်ငံမှ ၁၇၈၈ ဦး၊ ပြင်သစ်နိုင်ငံမှ ၁၆၂၆ ဦးနှင့် ဂျပန်နိုင်ငံမှ ၁၄၅၃ ဦး လာရောက်ခဲ့ကြသည်။

၂ဝ၁၆ ခုနှစ် ဧပြီလက ကမ္ဘာလှည့်ခရီး သွားဧည့်သည် ၃၂၆၈၃ ဦးလာရောက်ခဲ့ ရာတွင် ထိုင်းနိုင်ငံမှ ၈၅၁၄ ဦး၊ တောင်ကိုရီးယားနိုင်ငံမှ ၂၄၈၄ ဦး၊ တရုတ်နိုင်ငံမှ ၂၃၆၈ ဦး၊ ဂျာမနီနိုင်ငံမှ ၁၈၆၄ ဦးနှင့် အမေရိကန် ပြည်ထောင်စုမှ ၁၈၃ဝ ဦး လာရောက် ခဲ့ကြသည်။

ရန်ကုန်မြို့သို့ရောက်ရှိ လာသော ကမ္ဘာလှည့် ခရီးသွား ဧည့်သည်အများစုမှာ ရွှေတိဂုံ စေတီတော်သို့ လာရောက်ကြည်ညို လေ့လာကြပြီး လစဉ်လာရောက်ကြသော ကမ္ဘာလှည့် ခရီးသွားဧည့်သည် များအနက် ထိုင်းနိုင်ငံမှလာရောက်မှု အများဆုံးဖြစ်ကြောင်း ဂေါပကအဖွဲ့၏ စာရင်းများအရ သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger