www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, April 4, 2017

အင်းလေးကန်အတွင်း သဲနုန်းဆယ်ယူမှုမပြတ်ပြုလုပ်သောကြောင့် ကန်ရေခန်းခြောက်မှုနှုန်း ယခင်နှစ်ထက်လျော့နည်း



ညောင်ရွှေ ၄-၄-၂၀၁၇

ရှမ်းပြည်နယ် (တောင်ပိုင်း) ညောင်ရွှေမြို့ရှိ အင်းလေးကန်မှ သဲ၊နုန်း ဆယ်ယူမှုကို မပြတ်ပြုလုပ်ခဲ့ သောကြောင့် ယခုနှစ် ဧပြီ လဆန်းတွင် ကန်ရေ ခန်းခြောက်မှုမှာ ယခင်နှစ်ထက် လျော့နည်းလာပြီး ရေလမ်းကြောင်းများ တစ်ပေခွဲခန့် ပိုမိုမြင့်တက် လျက်ရှိကြောင်း ညောင်ရွှေမြို့နယ် ဆည်မြောင်း ဦးစီးဌာနမှ သိရသည်။

ယခင်နှစ်များက နွေရာသီရောက်ရှိ လာလျှင် အင်းလေးကန် အတွင်းသို့ စီးဝင်သော ချောင်းပေါင်း ၂၉ ချောင်းအနက် တချို့ချောင်းများသာ ပုံမှန်ရေ စီးဝင်မှုရှိ သဖြင့်ရေလမ်း ကြောင်းများတွင် ရေအနက် ၂  ပေ ခန့်သာ ရှိသော်လည်း ယခုနှစ်တွင် ရေအနက် ၃ ပေကျော်အထိ ကျန်ရှိနေကြောင်း သိရသည်။ 

အင်းလေးကန် အတွင်း သဲ၊နုန်း ဆယ်ယူမှုကို ဆည်မြောင်း ဦးစီးဌာနမှ ဝန်ထမ်း အင်အား ၁ဝဝ နီးပါးက သောင်တူးစက်၊ မြေတူးစက် အပါအဝင် ယန္တရား ၁၂ ခုဖြင့် ဆောင်ရွက်လျက် ရှိပြီး တစ်နေ့လျှင် ပျမ်းမျှ သဲ၊နုန်း တန်ချိန် တစ်ထောင်နီးပါး ဆယ်ယူ လျက်ရှိကြောင်း ညောင်ရွှေမြို့နယ် ဆည်မြောင်း ဦးစီးဌာနမှ သိရသည်။ 

''ဒီနှစ်က အရင်နှစ်တွေ ကထက်စာရင် အင်းရေ ခန်းခြောက်မှု လျော့နည်းသွားတယ်။ လှေတွေ ကောင်းကောင်း သွားလို့ရသလို နွေစပါး စိုက်ဖို့ ရေယူသုံး နိုင်တဲ့ အခြေအနေ ရှိပါတယ်။ အခုလိုသာ ပုံမှန် လုပ်သွားမယ် ဆိုရင် အင်းလေးကန်မှာ ရေခန်းခြောက်မှုတွေ တဖြည်းဖြည်း နည်းလာမှာပါ'' ဟု ဒေသခံ တောင်သူ တစ်ဦးက ပြောသည်။ 

အင်းလေးကန် တစ်လျှောက်၌ ကျေးရွာပေါင်း ၄၄၅ ရွာဖြင့် စုဖွဲ့ထားပြီး ကန်နှင့်ထိ စပ်နေသည့် ကျေးရွာပေါင်း ၁၇၈ ရွာအတွက် ရေလမ်းကြောင်း ချဲ့ထွင်မှုကို ဦးစားပေး ဆောင်ရွက်လျက် ရှိကာ ယခုဘဏ္ဍာနှစ် အတွက် သဲ၊ နုန်း ဆယ်ယူမှု ပိုမိုဆောင်ရွက် နိုင်ရေး ငွေကျပ်သိန်း ၁၅ဝဝ နီးပါး ခွင့်ပြုရန် တောင်းခံ ထားကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger