အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်သက်ပုံ ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် ဘုရားစေတီများ ပြန်လည်ပြုပြင်ပြီးစီးမှု အခြေအနေအားကြည့်ရှုစဉ်။
နေပြည်တော် ၂၇-၄-၂၀၁၇
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ် အတွင်း ၂ဝ၁၆ ခုနှစ်၊ သြဂုတ် ၂၄ ရက် ညနေပိုင်းတွင် လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် သီဟိုဠ် ရှင်မြတ်စွာဘုရားကြီး၊ ရွှေကူမြတ်စွာဘုရား
ကြီး၊ ရွှေမုဋ္ဌောစေတီတော်မြတ်ကြီး နှင့်ကုသဏာရုံတောင်တော်ရှိ ဆုကြီးပန်ဆင်းတုတော် မြတ်ကြီးတို့အား တပ်မတော် (ကြည်း၊ ရေ၊လေ) မိသားစုများမှ လှူဒါန်းသည့် အလှူငွေကျပ် သိန်း ၄၇ဝ ဖြင့် ပြန်လည်ပြုပြင်မွမ်းမံခဲ့သည်။
ထိုသို့ ငလျင်ဒဏ်ကြောင့် ပျက်စီးမှု များအား ပြန်လည်ပြုပြင် မွမ်းမံပြီးစီးမှု အခြေအနေများကို ယနေ့နေ့လယ်ပိုင်းတွင် အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် သက်ပုံနှင့်အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု၍ အလှူငွေများ ပေးအပ်လှူဒါန်း ခဲ့ကြောင်းသတင်း ရရှိသည်။
#Themyawadydaily






No comments:
Post a Comment