တပ်ရင်း/တပ်ဖွဲ့များက တန်ဖိုးသင့်ထမင်းနှင့်ဟင်းလျာများ ရောင်းချပေးစဉ်။
နေပြည်တော် ၂၇-၄-၂၀၁၇
ဒေသခံပြည်သူလူထု၏ စားရေးတွင် အထောက်အကူဖြစ်စေရန်နှင့် ကုန်ဈေးနှုန်းမြင့်တက်လာမှုအား တစ်ဖက်တစ်လမ်းမှ လျှော့ချပေးနိုင်ရန်ရည်ရွယ်၍ တိုင်းစစ်ဌာနချုပ်အသီးသီးရှိ ဘက်စုံစိုက်ပျိုးမွေးမြူရေးခြံ များမှ ထွက်ရှိသော အသား၊ ငါးများ၊ ဟင်းသီးဟင်းရွက်များ၊ ကြက်ဥ၊ ဘဲဥများဖြင့် ချက်ပြုတ်ထားသည့် ကျန်းမာရေးနှင့်ညီညွတ်သော တန်ဖိုးသင့် ထမင်းနှင့်ဟင်းလျာများကို ဒေသခံပြည်သူများအား ဈေးနှုန်း ချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိသည်။
ထိုသို့တိုင်းစစ်ဌာနချုပ်အသီးသီးရှိ ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ ရောင်းချပေးလျက်ရှိရာ ယနေ့၌ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ လေးထောင့်ကန်စံပြကျေးရွာနှင့် အမှတ်(၃/ခ) ရပ်ကွက်ရှိ ချစ်တီးကုန်းဈေး၊ မရမ်းကုန်းမြို့နယ်၊ သမိုင်းဈေး၊ လသာမြို့နယ်၊ မဟာဗန္ဓုလလမ်းနှင့် ၁၇ လမ်းထောင့်၊ သန်လျင်မြို့နယ်၊ မြို့သစ်အနောက်ရပ်ကွက်နှင့် အောင်ချမ်းသာရပ်ကွက်၊ မှော်ဘီမြို့နယ်၊ တပ်နယ်အခွန်လွတ်ဈေးနှင့် ရွှေမြယာကျေးရွာလမ်းဆုံ၊ လှည်းကူးမြို့နယ်၊ လှည်းကူးမြို့မဈေး၊ လှည်းကူးတာဆုံ၊ သရက်ကုန်းဈေး၊ ဒလမြို့နယ်၊ ကျန်စစ်သားရပ်ကွက်တို့၌ ယနေ့နံနက်ပိုင်းတွင် ဒေသခံပြည်သူများအတွက် တန်ဖိုးသင့်ထမင်းနှင့် ဟင်းလျာများကို ဈေးနှုန်း ချိုသာစွာဖြင့် ရောင်းချပေးခဲ့သည်။
ထို့ပြင် ကိုယ်တိုင်စိုက်၊ ကိုယ်တိုင်မွေး အသား၊ ငါးများ၊ ကြက်ဥ၊ နွားနို့နှင့် ဟင်းသီးဟင်းရွက်များကိုလည်း ဒေသခံပြည်သူများအတွက် သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သတင်းရရှိသည်။
#Themyawadydaily







No comments:
Post a Comment