www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, April 24, 2017

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စား လှယ်အဖွဲ့ သြစတြီးယားနိုင်ငံ သို့ရောက်ရှိ


တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် 
ချစ်ကြည်ရေးကိုယ်စား လှယ်အဖွဲ့အား တာဝန်ရှိသူများက ဗီယင်နာအပြည်ပြည်ဆိုင်ရာ လေဆိပ်တွင်
 ကြိုဆိုနှုတ်ဆက်စဉ်။

နေပြည်တော်  ၂၄-၄-၂၀၁၇

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်
ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် သြစတြီးယားနိုင်ငံသို့ အလုပ်သဘော ချစ်ကြည်ရေးခရီး လည်ပတ်ရန် အတွက် ဧပြီ ၂၂ ရက် နံနက် ၈ နာရီ ၁၀ မိနစ်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထွက်ခွာခဲ့ရာ ယင်းနေ့ ဒေသစံတော်ချိန် ညနေ ၆ နာရီ ၄၅ မိနစ် မြန်မာ စံတော်ချိန် ည ၁၁ နာရီ ၁၅ မိနစ်တွင် သြစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့၊ ဗီယင်နာ အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိကြသည်။

လေဆိပ်တွင် မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့အား သြစတြီးယား နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးစံလွင်နှင့် ဇနီး၊ သံရုံးမိသားစု များနှင့် တာဝန်ရှိသူများက ကြိုဆိုခဲ့ကြပြီး ခေတ္တတည်းခိုမည့် ဟိုတယ်သို့ ဆက်လက် ထွက်ခွာခဲ့ကြောင်း သတင်း ရရှိပါသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger