www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, March 20, 2017

ကုလားပဲဖြူကြီး (V7) ကို တရုတ်နှင့် အိန္ဒိယတို့က အပြိုင်ဝယ်ယူနေ



မန္တလေး ၊ ၂၀-၃-၂၀၁၇

ကုလားပဲဖြူကြီး (V7)ကို တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံက အပြိုင်ဝယ်ယူ နေကြောင်း မန္တလေးမြို့ စိုးဝင်းမြင့် ပွဲရုံပိုင်ရှင် ဦးစိုးဝင်းမြင့်က ပြောပြ၍ သိရသည်။

ကုလားပဲဖြူကြီး (V2) နှင့် ကုလားပဲဖြူကြီး (V7)သည် ပြီးခဲ့သည့်နှစ် ယခုလိုအချိန်က သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၈၅ဝဝဝ ရှိပြီး ယခုအခါတွင် ကုလားပဲဖြူကြီး (V2) သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၁၂၁ဝဝဝ ရှိပြီး ကုလားပဲဖြူကြီး (V7) သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၁၂၈ဝဝဝ ရှိကြောင်း ဦးစိုးဝင်းမြင့် က ပြောပြသည်။

''ကုလားပဲမျိုးစေ့ ဖြစ်တဲ့ (V2)၊ (V7)ဆို မနေ့က (V2) သုံးတင်းဝင် တစ်အိတ်ကိုငွေကျပ် ၁၁၅ဝဝဝ ဒီနေ့ဆို ငွေကျပ် ၆ဝဝဝ ဈေးတက်လာတယ်။ (V7) ကလဲ ငွေကျပ် ၈ဝဝဝ လောက် ဈေးတက်လာတယ်။ (V7) ကို အိန္ဒိယကလဲ ဝယ်တယ်။ တရုတ်နိုင်ငံကလဲ ရသလောက် ဝယ်ယူနေတာ။ (V2)ကို အိန္ဒိယကပဲ ဝယ်တယ်။ လောက်ကိုင် အခြေအနေ မဖြစ်ပေါ်ခင်က ဈေးထက် အခုဆို သာတောင်သာ နေပါတယ်။ တိုက်ပွဲတွေဖြစ်ပြီး လမ်းတွေပိတ်ရင် ခါတိုင်းနှစ်တွေဆို မန္တလေးဈေးကွက် ကျဆင်းသွားတယ်။အခု ဒီလိုမဟုတ်ဘူး။ ဝယ်ယူအားက သူတို့အနေနဲ့ ကိုက လိုလိုချင်ချင်နဲ့ ရရာပေါက်ဈေးနဲ့ အလုအယက် ဝယ်ယူနေကြတယ်'' ဟု ၄င်းက ပြောပြသည်။ မန္တလေးမြို့ ကုန်စည်ဒိုင်သည် တရုတ်ကုန်သည် များကို အားကိုး နေရကြောင်း၊ ယခုအခါတွင် ပြည်တွင်း တရုတ်ကုန်သည် များက ပြည်ပ တရုတ်ကုန်သည် များနှင့် ပူးပေါင်း၍ ယခင်ကထက် သီးနှံများကို ပိုမိုဝယ်ယူ နေကြောင်း မန္တလေးကုန်စည်ဒိုင် နာယက ဦးကြည်မောင် က ပြောပြသည်။

''နေ့စဉ် တရုတ်ဝယ်လက် ၁၅ ယောက် အမြဲလာတယ်။ ၁၅ ယောက်ရဲ့ ဝယ်လိုအားကလဲ ကြီးပါတယ်။ အရင်တုန်းကကျဒီမှာရှိတဲ့ ပြည်တွင်းတရုတ် ကုန်သည်လောက်ပဲ ဝယ်တာ။ အခုကျ ပြည်ပ တရုတ်ကုန်သည် တွေက ပြည်တွင်းတရုတ် တွေနဲ့ ပေါင်းတယ်။ အရင်တုန်းက ပြည်တွင်း တရုတ်ကုန်သည် တွေက ခပ်စိပ်စိပ်ပဲ ဝယ်တာ။ အခုကျ ပြည်ပက တရုတ်ကုန်သည် တွေနဲ့ပေါင်းပြီး အများကြီးဝယ် လာတယ်''ဟု ၄င်းက ပြောပြသည်။လက်ရှိတွင် တရုတ်ကုန်သည် နှင့် အိန္ဒိယကုန်သည် များက ကုလားပဲဖြူကြီး (V2)၊ ကုလားပဲဖြူကြီး (V7) ၊မြေပဲဆန်အဖြူ၊ မြေပဲဆန်အနီ၊ မြေထောက်ပဲ၊ ပဲကျား၊ပဲစာဥ၊ မတ်ပဲ၊ ပဲတီစိမ်း စသည်တို့ကို ဝယ်ယူလျက်ရှိကြောင်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger