www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, March 14, 2017

လောက်ကိုင်မြို့အတွင်း MNDAA အကြမ်းဖက်သောင်းကျန်းသူ များ၏ အကြမ်းဖက်မှုလုပ်ရပ်များနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက်


MNDAA အကြမ်းဖက် သောင်းကျန်းသူများ၏ လောက်ကိုင်ဒေသအတွင်း အကြမ်းဖက်မှု 
လုပ်ရပ်များကြောင့် ပျက်စီးဆုံးရှုံးခဲ့သော အဆောက်အအုံများကို တွေ့ရစဉ်


နေပြည်တော် ၊ ၁၄-၃-၂၀၁၇

ဖုန်ကြားရှင်နှင့် ဖုန်တာရွှင် ဦးဆောင်သည့် MNDAA အကြမ်းဖက် သောင်းကျန်းသူ များသည် ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ အတွင်း တရားမဝင်စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်ခြင်းနှင့် မူးယစ်ဆေးဝါးများ ထုတ်လုပ် ရောင်းဝယ် ဖြန့်ဖြူးခြင်းတို့မှ ရရှိသည့်ဝင်ငွေ များဖြင့် အင်အားများ တိုးချဲ့ တည်ဆောက်ပြီး ၂ဝဝ၉ ခုနှစ်နှင့် ၂ဝ၁၅ ခုနှစ်၊ ဖေဖော်ဝါရီ ၉ ရက်မှ ဧပြီ ၁၈ ရက်အတွင်း လောက်ကိုင်သို့ လည်းကောင်း၊ ၂ဝ၁၆ ခုနှစ်၊ နိုဝင်ဘာ ၂ဝ ရက်မှ ဒီဇင်ဘာ ၅ ရက်အတွင်း မုံးကိုးဒေသသို့ လည်းကောင်း၊ ၂ဝ၁၇ ခုနှစ် ဇန်နဝါရီလဆန်း ပိုင်းမှစ၍ ပွိုင့်-၂၁၄၅ သို့လည်းကောင်း၊ ၂ဝ၁၇ ခုနှစ်၊ မတ် ၆ ရက်တွင် လောက်ကိုင်မြို့သို့ လည်းကောင်း ဝင်ရောက် တိုက်ခိုက်ပြီး ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ အစိုးရ အဖွဲ့အား ထိခိုက်နစ်နာ ဆုံးရှုံးစေရန်နှင့် တိုက်ပွဲများကြောင့် ငွေကြေး လိုအပ်ချက် ရရှိစေရေး ပြန်ပေးဆွဲ၊ လူသတ်၊ ဓားပြတိုက်ရန် ရည်ရွယ်ချက်ဖြင့် ၂ဝ၁၇ ခုနှစ်၊ မတ် ၆ ရက် နံနက် အစောပိုင်းတွင် လောက်ကိုင် မြို့ပေါ်ရှိ တပ်စခန်းများ၊ ရဲစခန်းများနှင့် အများပြည်သူပိုင် အဆောက်အအုံ နေရာ များကို လက်နက်ကြီး၊ လက်နက်ငယ် များဖြင့်ပစ်ခတ်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်း၊ ဓားပြတိုက်ခြင်း၊ ပြန်ပေးဆွဲ လူသစ် စုဆောင်းခြင်းများ စသည့် အကြမ်းဖက် လုပ်ရပ်များ လောက်ကိုင်ဒေသ အတွင်း ထပ်မံ လုပ်ဆောင်လာခဲ့ သဖြင့် တပ်မတော် စစ်ကြောင်းများက ပြန်လည်တိုက်ခိုက် နယ်မြေရှင်းလင်း ခဲ့ရသည်။

MNDAA အကြမ်းဖက် သောင်းကျန်းသူ အင်အား ၃ဝဝ ခန့်သည် မတ် ၆ ရက် နံနက် ၁ နာရီ ၄၅ မိနစ်ခန့်မှ နံနက် ၃ နာရီခန့်အတွင်း အင်အားများ ဖြန့်ခွဲ၍ ရန်လုံကျိုင်းရှိ တပ်စခန်းနှင့် ရဲစခန်းများ၊ လောက်ကိုင်မြို့ရှိ ကိုးကန့် ယာဉ်ထိန်းရဲ တပ်ဖွဲ့ရုံး၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ ဦးစီးအဖွဲ့ အဖွဲ့ဝင် ဦးဝေဆန်း ၏ နေအိမ်နှင့် နှစ်နိုင်ငံနယ်စပ် မှတ်တိုင်များအနီး လုံခြုံရေး ဆောင်ရွက်နေသည့် တပ်စခန်းများ အား တစ်ချိန်တည်း တစ်ပြိုင်တည်း ဝင်ရောက် တိုက်ခိုက်ပြီး အင်အား ၅ဝ ဦးခန့်သည် အင်အား သုံး၊ လေးဦးခန့်ပါ အဖွဲ့ငယ်များခွဲ၍ လောက်ကိုင်မြို့ အတွင်းရှိ ဖူလီလိုက်ဟိုတယ်၊ ကျင်ဖုဟိုတယ်နှင့် ကျင်ကျန်းဟိုတယ် တို့အား ဝင်ရောက်မီးရှို့ ဖျက်ဆီးခြင်း၊ အပြစ်မဲ့ ပြည်သူများအား ပြန်ပေးဆွဲခြင်းနှင့် ဓားပြတိုက်ခြင်း တို့အား အကြမ်းဖက် လုပ်ဆောင်ခဲ့ပြီး ပယ်စိမ်းဟိုတယ် ရှေ့ရှိ အများပြည်သူပိုင် မော်တော်ယာဉ် ၂ဝ စီးခန့်အား မီးရှို့ဖျက်ဆီး ခဲ့သည်။

ဖူလီလိုက်ဟိုတယ် အကြမ်းဖက်မှု ဖြစ်စဉ်တွင် MNDAA အကြမ်းဖက် သောင်းကျန်းသူ အင်အား ၄၅ ဦးခန့်သည် နံနက် ၃ နာရီခန့်တွင် အဆိုပါဟိုတယ်သို့ ရောက်ရှိလာခဲ့ပြီး ဟိုတယ်ဂိတ်ပေါက်ရှိ လုံခြုံရေးခန်းတွင်
ချိတ်ဆွဲထားသည့် မော်တော်ယာဉ်သော့ များအား သိမ်းဆည်းပြီး ဟိုတယ်မှ ယွမ်ငွေ သိန်း ၃ဝဝဝ ခန့်အား ဓားပြတိုက် ယူဆောင်၍ ဟိုတယ်ရှေ့တွင် ရပ်ထားသည့် မော်တော်ယာဉ် များဖြင့် ဝန်ထမ်း အမျိုးသား ၁၂ဝ ဦး၊ အမျိုးသမီး ၂ဝဝ ဦး စုစုပေါင်း ဟိုတယ် ဝန်ထမ်း ၃၂ဝ ဦးခန့်တို့ကို ပြန်ပေးဆွဲဖမ်းဆီး ခေါ်ဆောင်သွား ခဲ့ကြောင်း၊ ထိုသို့ပြန်ပေးဆွဲ ဖမ်းဆီးခေါ်ဆောင်စဉ် လိုက်ပါရန် ငြင်းဆန်ခဲ့သည့် ဝန်ထမ်းတစ်ဦး (အမည်စိစစ်ဆဲ) အား သေနတ်ဖြင့် ပစ်သတ်ခဲ့ပြီး အမျိုးသမီး ဝန်ထမ်းတစ်ဦး (အမည်စိစစ်ဆဲ) ကိုလည်း MNDAA အကြမ်းဖက် သောင်းကျန်းသူ များက မုဒိမ်းကျင့်ခဲ့ကြောင်း၊ ထို့နောက် တောလမ်းမှတစ်ဆင့် ဖမ်းဆီးခေါ်ဆောင် ခဲ့ရာ တောင်ကုန်း တစ်ခုသို့ အရောက်၌ ခေတ္တရပ်နားစဉ် MNDAA အကြမ်းဖက် သောင်းကျန်းသူများက ဖမ်းဆီးထားသည့် ဝန်ထမ်းအမျိုးသမီး များအား ၄င်းတို့အဖွဲ့အတွင်း တာဝန် ထမ်းဆောင်ရန် ဆန္ဒရှိ၊ မရှိ မေးမြန်းခဲ့ရာ အမျိုးသမီး လေးဦးသာသဘောတူခဲ့ သော်လည်း တစ်ဖက်နိုင်ငံသား အမျိုးသမီး များမှအပ ကျန်အမျိုးသမီး ၅ဝ ဦးတို့ကို ၄င်းတို့ အဖွဲ့အတွင်း တာဝန် ထမ်းဆောင်ရန် ရွေးချယ်ခဲ့ ကြောင်း၊ ဖမ်းဆီးခံရသည့် ဝန်ထမ်း အမျိုးသား ၁၂ဝ ဦးအနက် တစ်ဖက် နိုင်ငံသား ၁ဝ ဦးကို ပြန်လည်လွှတ်ပေး ခဲ့ပြီး ကျန် ၁၁ဝ ဦးနှင့် အမျိုးသမီး ၁၅ဝ ခန့်တို့ကို နမ့်ဆန်မြို့သို့ မော်တော်ယာဉ် များဖြင့် ဖမ်းဆီး ခေါ်ဆောင်သွား ခဲ့ကြောင်း၊ အခြားဆက်စပ် သတင်းများအရ ဖမ်းဆီးသွားသူ များအား MNDAA အကြမ်းဖက် သောင်းကျန်းသူ များ လှုပ်ရှားနေသည့် ကုန်းကြမ်းမြို့နယ်၊ ဟုန်အိုင်ဒေသ ခန့်မှန်း မြေပုံညွှန်း (MG- ၈၆၄ ၆၃ဝ) သို့ နမ့်ဆန်မြို့ မှတစ်ဆင့် ပို့ဆောင်၍ အကြမ်းဖက် သင်တန်းများ တက်ရောက်စေမည် ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ MNDAA အကြမ်းဖက် သောင်းကျန်းသူ များ၏ လောက်ကိုင်ဒေသ အတွင်း အကြမ်းဖက်မှု လုပ်ရပ်များကြောင့် အများပြည်သူပိုင် အဆောက်အအုံများ ထိခိုက်ပျက်စီး ဆုံးရှုံးခဲ့ပြီး အပြစ်မဲ့အရပ်သား တိုင်းရင်းသား ပြည်သူ အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့ရကာ အပြစ်မဲ့ အရပ်သား တိုင်းရင်းသား ပြည်သူ ၃၂ဝ ဦး ပြန်ပေးဆွဲ လူသစ်စုဆောင်း ခံခဲ့ရကြောင်း၊ အပြစ်မဲ့ အရပ်သား တိုင်းရင်းသား ပြည်သူငါးဦးနှင့် ကိုးကန့် ယာဉ်ထိန်းရဲငါးဦး သေဆုံးခဲ့ရပြီး ကိုးကန့် ယာဉ်ထိန်းရဲ လေးဦး ဓားစာခံအဖြစ် ဖမ်းဆီး ခေါ်ဆောင်ခြင်း ခံခဲ့ရကြောင်း သိရှိရသည်။

မတ် ၆ ရက်မှ ၁၂ ရက်အထိ တပ်မတော် စစ်ကြောင်းများက လောက်ကိုင်ဒေသ အကြမ်းဖက် သောင်းကျန်းသူ များ၏ အကြမ်းဖက် လုပ်ရပ်များ ထပ်မံမဖြစ်ပွား စေရေးနှင့် ဒေသ တည်ငြိမ်အေးချမ်းရေး အတွက် နယ်မြေ ရှင်းလင်းရေးများကို စဉ်ဆက်မပြတ် ဆောင်ရွက်ခဲ့ ရာတွင် MNDAA အကြမ်းဖက် သောင်းကျန်းသူ များနှင့် ထိတွေ့ တိုက်ပွဲကြီး/ ငယ် စုစုပေါင်း ၄၈ ကြိမ် ဖြစ်ပွားခဲ့ပြီး မိမိဘက်မှ အရာရှိ၊ စစ်သည်အချို့ အကြမ်းဖက် လုပ်ရပ် များကို လိုက်လံ တားဆီးရင်း နိုင်ငံတော် အတွက် အသက်စွန့်လွှတ် ပေးလှူခဲ့ရကာ အချို့ထိခိုက် ဒဏ်ရာ ရရှိခဲ့သည်။

သတင်းရေးသားချိန် အထိ နှစ်နိုင်ငံနယ်စပ် အနီး ပွိုင့်-၁ဝ၈၈၊ ပွိုင့်-၁၂၆၉၊ ဘီပီ ၁၂၆ နှင့် ဘီပီ ၁၂၇ အနီးတစ်ဝိုက် MNDAA အကြမ်းဖက် သောင်းကျန်းသူများ အနေဖြင့် နှစ်နိုင်ငံနယ်စပ် နီးကပ်မှု တစ်လျှောက် တောင်ကုန်း တောင်ကြောနှင့် မြေအနေအထား အသာစီးရမှု အခွင့်ကောင်း ရယူ၍ နယ်မြေရှင်းလင်း လျက်ရှိသည့် တပ်မတော် စစ်ကြောင်းများအား ရင်ဆိုင်ခုခံလျက် ရှိရာ တပ်မတော် စစ်ကြောင်း များကလည်း နယ်မြေ အမြန်ဆုံး အေးချမ်း တည်ငြိမ်နိုင်ရေး အကြမ်းဖက် သောင်းကျန်းသူ များအား ရှင်းလင်းလျက် ရှိကြောင်း သိရသည်။

ပြည်သူလူထု တစ်ရပ်လုံးက ပြည်တွင်း ငြိမ်းချမ်းရေးရရှိရန် မျှော်လင့်တောင့်တ နေချိန်တွင် MNDAA အကြမ်းဖက် သောင်းကျန်းသူ များက ရည်ရွယ်ချက်ရှိရှိဖြင့် လောက်ကိုင် ဒေသရှိ တပ်စခန်းများနှင့် အရပ်ဘက်ပစ်မှတ် များအား နှောင့်ယှက် ပစ်ခတ်ခြင်း၊ အလစ်အငိုက် ချောင်းမြောင်း တိုက်ခိုက်ခြင်းနှင့် အများပြည်သူပိုင် အဆောက်အအုံများကို မီးရှို့ဖျက်ဆီးခြင်း များကို နေရာအနှံ့အပြား၌ ထပ်မံဆောင်ရွက် လာ၍ တိုက်ပွဲများဖြစ်ပွား လာခဲ့ပြီး ပုံမှန်လည်ပတ်လျက် ရှိကြသည့် စီးပွားရေးလုပ်ငန်းများ ရပ်တန့်လာသဖြင့် ပြည်သူလူထု၏ အကျိုးစီးပွား ဥစ္စာကိုများစွာ ထိခိုက်ပျက်စီးပြီး စိုးရိမ်ထိတ်လန့် ကြောက်ရွံ့မှုများ ဖြစ်ပေါ်လျက် ရှိကြောင်းနှင့် နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်မှုအတွက် စိတ်အနှောင့်အယှက် ဖြစ်နေကြပြီး မတည်ငြိမ်မှုမှတစ်ဆင့် နှစ်နိုင်ငံ ဆက်ဆံရေး ပျက်ပြားနိုင်မှုကို မလိုလားကြဘဲ တည်ငြိမ်မှု အမြန်ဆုံး ရရှိနိုင်ရေး အကြမ်းဖက် သောင်းကျန်းသူ များ၏ တရားမဝင် အုပ်ချုပ်မှု လမ်းကြောင်းများအား နှစ်နိုင်ငံပူးပေါင်း တားဆီး ဆောင်ရွက်ပေးနိုင်ရေး လိုလားလျက် ရှိကြောင်း သိရှိရသည်။



မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger