www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, March 15, 2017

မန္တလေးဆေးရုံကြီး၌ သုံးနှစ်အတွင်း နှလုံးသွေးကြောပိတ်လူနာ ၄၀၀ ကျော်ကို ကုသပေးနိုင်ခဲ့



မန္တလေး ၊ ၁၅-၃-၂၀၁၇

မန္တလေးဆေးရုံကြီး၌ ၂ဝ၁၃ ခုနှစ်မှ ၂ဝ၁၆ ခုနှစ်အထိ သုံးနှစ်တာ ကာလအတွင်း နှလုံးသွေးကြောပိတ် လူနာပေါင်း ၄ဝ၅ ဦးကို ကုသပေးနိုင် ခဲ့ကြောင်း မန္တလေး ဆေးရုံကြီး မှ နှလုံးရောဂါ အထူးကု ပါမောက္ခ ဒေါက်တာ ကျော်စိုးဝင်း ထံမှ သိရသည်။

''နှလုံးသွေးကြောပိတ် ရောဂါကုသဖို့ က ၁၂ နာရီအတွင်းမှာ သွေးကြောတွေ ဖွင့်ပေး နိုင်ဖို့လိုတယ်။ နောက်ကျတာနဲ့ အမျှ နှလုံး ကြွက်သားဒဏ်ရာ ရမယ်။ ပင်ပန်းပြီး ကုသလို့ မဖြစ်တဲ့ အခြေအနေ ရောက်မယ်။ ဒါကြောင့် ကွန်ရက်ဖွဲ့စည်းပြီး အချိန်မီ ကယ်တင်နိုင်ဖို့ လုပ်ခဲ့တဲ့ နောက်ပိုင်းမှာ လူနာ အတော်များများ ကယ်တင်နိုင် ခဲ့တယ်''ဟု ၄င်းက ဆက်လက် ပြောကြားသည်။

အဆိုပါကွန်ရက်မှာ မန္တလေးမြို့၌သာ ရှိပြီး မန္တလေး ဆေးရုံသို့ အချိန် ၃ နာရီအတွင်း ရောက်နိုင်မည့် ဒေသများနှင့် အချိန် ၂ နာရီအတွင်း ရောက်ရှိနိုင်မည့် ဒေသများကို ဇုန် သတ်မှတ်၍ အဆိုပါဧရိယာ အတွင်းရှိ ဆေးရုံ များမှ နှလုံးရောဂါကု သမားတော်နှင့် ECG စက်ရှိသည့် ဆေးရုံများကို အခြေပြှု၍ ကွန်ရက် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

နှလုံးသွေးကြောပိတ် ရောဂါကုသမှု ကွန်ရက်ကို စတင်တည်ထောင် ခဲ့သည့် နောက်ပိုင်း မှစတင်၍ ကယ်ဆယ်ကုသ ပေးနိုင်မှုပိုမို များပြားလာကာ ၂ဝ၁၃ ခုနှစ်မှ ၂ဝ၁၆ ခုနှစ်အထိ အရေးပေါ် နှလုံးသွေးကြော ချဲ့ ကုသမှုခံယူခဲ့ သူများတွင် ၇ဝ ရာခိုင်နှုန်းမှာ မန္တလေးမြို့မှ ဖြစ်ပြီး ကျန်လူနာများမှာ နယ်ဆေးရုံများမှ ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ (၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger