www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, March 20, 2017

ပုဂံဒေသတွင် ကလေးငယ်များအကြောင်းပြု၍ နိုင်ငံခြားဝင်ငွေ မရှာမိစေရန် ပညာပေးဆောင်ရွက်မည်



ညောင်ဦး ၊ ၂၀-၃-၂၀၁၇

ပုဂံ ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေအတွင်း၌ ရှိသောစီးပွားရေး လုပ်ငန်းရှင်များ အနေဖြင့် ကလေး သူငယ်များကို အကြောင်းပြု၍ နိုင်ငံခြားဝင်ငွေ မရှာမိစေရန် Children are not tourist attractions ခေါင်းစဉ်ဖြင့် ပညာပေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ညောင်ဦးမြို့နယ် ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာန (ပုဂံ)မှ သိရသည်။

အဆိုပါလုပ်ငန်းကို UNICEF နှင့် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန၊ ပရဟိတ အသင်းများ၊ လူမှု အဖွဲ့အစည်းများ၊ ဟိုတယ် လုပ်ငန်းရှင်များ၊ စားသောက်ဆိုင် လုပ်ငန်းရှင်များ၊ ပူးပေါင်း တက်ရောက်၍ ယခုနှစ် မတ် ၁၁ ရက် က ပုဂံသီရိပစ္စယာ ဟိုတယ်၌ ကြိုတင် ကာကွယ်ရေး ပညာပေး အစီအစဉ်များကို ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပြီး လာမည့် လများတွင် ပညာပေး ဟောပြောပွဲများ ပြုလုပ်ခြင်း၊ လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

''ကလေးငယ်တွေကို ဂေဟာတစ်ခုဖွင့်ပြီး ကမ္ဘာလှည့် ခရီးသည်တွေကို ဆွဲဆောင်ကာ နိုင်ငံခြားဝင်ငွေ ရှာနည်းတွေ၊ ပြည့်တန်ဆာ အဖြစ်နဲ့ ဝင်ငွေရှာတာ တွေကို တချို့နိုင်ငံတွေမှာ ရှိနေတယ်လို့ ကြားသိရပါတယ်။ 

ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေမှာလဲ ဒါမျိုးတွေ အထင်အရှား မရှိပေမယ့် နောင်တစ်ချိန် ဖြစ်မလာအောင် ကြိုတင် ကာကွယ်တဲ့ အနေနဲ့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်'' ဟု အဆိုပါဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးသန်းထွန်းခိုင် က ပြောပြသည်။

ယခုအခါ ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ အတွင်း၌ အဆိုပါ ကိစ္စရပ်များနှင့် ပတ်သက်၍ ကြိုတင်ကာကွယ် နိုင်ရန်နှင့် ရှောင်ရှား နိုင်ရန် Children are not tourist attractions ခေါင်းစဉ်ဖြင့် လက်ကမ်းစာစောင် များကို ပြည်တွင်း၊ ပြည်ပ ဧည့်သည်များအား ဝေငှပေးထားပြီး ပညာပေး ဟောပြောပွဲများ ကိုလည်း သက်ဆိုင်ရာ ဦးစီးဌာနများ၊ NGO အဖွဲ့များနှင့် ပရဟိတ အသင်းများ၊ လူမှု အဖွဲ့အစည်းများ ပူးပေါင်း၍ ပညာပေး ဟောပြောပွဲများ အရှိန်အဟုန်မြှင့် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger