www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, March 1, 2017

၂၀၁၇ ခုနှစ်အတွင်း၌ အယ်နီညို ရာသီဥတုဖြစ်ပေါ်နိုင်ခြေ ၅၀ ရာခိုင်နှုန်းခန့် အထိရှိနိုင်



ကင်ဘာရာ ၊ ၁-၃-၂၀၁၇

သြစတေးလျ မိုးလေ၀သ ဦးစီးဌာန က ယခုနှစ်အတွင်း အယ်နီညို ရာသီဥတု ဖြစ်ပေါ်နိုင်ခြေမှာ ၅၀ ရာခိုင်နှုန်းခန့် သေချာနေပြီ ဖြစ်ကြောင်း ယနေ့ မိုးလေ၀သ သတိပေးချက်များ ထုတ်ပြန် သွားခဲ့သည်။ 

ဖေဖော်ဝါရီ လလယ်မှ စတင်၍ သြစတေးလျနိုင်ငံ အပါအ၀င် ဥရောပနိုင်ငံ အများစု၌ ရာသီဥတု ဖောက်ပြန်မှုများ ဖြစ်ပေါ်ကာ အပူချိန်မြင့်မား လာခဲ့သည်။ မြင့်မားလာသော အပူချိန်များကြောင့် သြစတေးလျ မိုးလေ၀သ ဦးစီးဌာနက အယ်နီညို ဖြစ်ပေါ်လာနိုင်ခြေ ရှိ-မရှိကို သုတေသန ပြုလုပ်ခဲ့ရာ ဖြစ်ပေါ် လာနိုင်ခြေ ၅၀ ရာခိုင်နှုန်း အထိ ရှိနေသည်ကို တွေ့ရှိခဲ့ရကြောင်း Reuter သတင်းဌာနက ရေးသား ဖော်ပြခဲ့သည်။

သို့သော်လည်း အယ်နီညို ရာသီဥတုမှာ ချက်ချင်းဖြစ်ပေါ် လာနိုင်သည့် အနေအထားမျိုး တွင် ရှိမနေဘဲ လာမည့် ၆ လသက်တမ်း အတွင်း ရာသီဥတု ပြောင်းလဲမှု အခြေအနေကို စောင့်ကြည့် သွားရမည် ဖြစ်ကြောင်းလည်း သိရသည်။ 

၂၀၁၅ ခုနှစ်နှင့် ၂၀၁၆ ခုနှစ်တို့တွင် အယ်နီညို ကြောင့် သြစတေးလျနိုင်ငံ တွင် အပူချိန်မြင့်မား ခဲ့ပြီး စိုက်ပျိုးမြေ အမြောက်အမြား ပျက်စီး ဆုံးရှုံးခဲ့ရသည်။ သြစတေးလျ နိုင်ငံသည် စိုက်ပျိုးရေး ကဏ္ဍ ထွန်းကားသော နိုင်ငံတစ်နိုင်ငံ ဖြစ်ပြီး၊ ကမ္ဘာ့ စိုက်ပျိုးရေး အထွန်းကား ဆုံးသော နိုင်ငံများကို ဦးဆောင်နေသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ ထို့အပြင် ဒေသထွက်ကုန်နှင့် ကောက်ပဲသီးနှံ များကို ပြည်ပနိုင်ငံများသို့ အများဆုံး တင်ပို့ရောင်းချ 

နိုင်ခဲ့သည့် သြစတေးလျနိုင်ငံ အတွက် အယ်နီညို ရာသီဥတုမှာ အကြီးမားဆုံး ရန်သူဖြစ်နေပြီး၊ သြစတေးလျ တောင်သူများက အယ်နီညို ထပ်မံ ဖြစ်ပေါ်လာမည်ကို စိုးရိမ်ပူပန် နေကြောင်း သြစတေးလျ စိုက်ပျိုးရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက Reuter သတင်းဌာသို့ ပြောကြား သွားခဲ့သည်။ 

အယ်နီညို ရာသီဥတု ဖြစ်ပေါ်လာနိုင်ခြေ ၅၀ ရာခိုင်နှုန်း ရှိနေသည်ဟု သတင်းများ ထွက်ပေါ်လာပြီးနောက် သြစတေးလျနိုင်ငံ တွင် ဂျုံစေ့ ဈေးနှုန်းများ မှာလည်း မြင့်တက်လာဖွယ်ရှိနေပြီး၊ ကုမ္မဏီကြီး အများစုက ဂျုံစေ့များဝယ်ကာ သိုလှောင်မှုများ ပြုလုပ်သွားရန် ပြင်ဆင် နေကြောင်းလည်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger