www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, March 15, 2017

ရန်ကုန်မြို့ နှင့် မန္တလေးမြို့တို့တွင် ကျောက်မျက်ရတနာ အကယ်ဒမီ သင်တန်းကျောင်းများ ဖွင့်လှစ်နိုင်ရန်စီစဉ်



ရန်ကုန် ၁၅-၃-၂၀၁၇

ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့ တွင် ကျောက်မျက် ရတနာလုပ်ငန်း နှင့် ပတ်သက်သည့် ကျောက်မျက် ရတနာ အကယ်ဒမီ သင်တန်း ကျောင်းများ ဖွင့်လှစ် နိုင်ရန် စီစဉ် ဆောင်ရွက် နေကြောင်း မြန်မာနိုင်ငံ ကျောက်မျက် ရတနာ လုပ်ငန်းရှင် များအသင်း ၏ မတ် ၈ ရက်က ရန်ကုန်မြို့ Park Royal ဟိုတယ်၌ ကျင်းပ ပြုလုပ်ခဲ့ သည့် နိုင်ငံတကာ ကျောက်မျက် ရတနာ ပြပွဲသတင်း သတင်းများ အရ သိရသည်။ 

မြန်မာနိုင်ငံ ကျောက်မျက် ရတနာများ အရည်အသွေး မြင့်တက် လာစေရန်နှင့် နိုင်ငံတကာ ဈေးကွက် မြှင့်တင် နိုင်ရန် စသည့် ရည်ရွယ်ချက် များဖြင့် အဆိုပါ ကျောက်မျက် ရတနာ အကယ်ဒမီ သင်တန်းကျောင်း များကို ဖွင့်လှစ်ရန် စီစဉ် ဆောင်ရွက် နေခြင်း ဖြစ်သည်။ 

အဆိုပါ ကျောက်မျက် အကယ်ဒမီ သင်တန်း ကျောင်းများ တွင် ကျောက်မျက် ရတနာ ဒီဇိုင်း ပုံစံများ ပိုမို ကောင်းမွန် လာစေရန် နည်းပညာ ပိုင်းဆိုင်ရာ ဘာသာရပ် များကိုလည်း သင်ကြား ပေးသွား မည်ဖြစ် ကြောင်းသိ ရသည်။ 

အဆိုပါ ကျောက်မျက် ရတနာ နှင့် ပတ်သက်သည့် အကယ်ဒမီ သင်တန်း ကျောင်းများ ကို ဖွင့်လှစ် ဆောင်ရွက်ပေး ခြင်းအားဖြင့် မြန်မာ နိုင်ငံတွင် ကျောက်မျက် ရတနာများ နှင့်ပတ်သက် သည့် ပညာရှင် များကို မွေးထုတ် ပေးနိုင်မည် ဖြစ်သကဲ့သို့ အလုပ်အကိုင်၊ အခွင့်အလမ်းများ၊ တိုးတက် များပြား လာစေရေး အတွက်လည်း အထောက် အကူများ ဖြစ်လာ စေမည် ဖြစ်သည်။

ရန်ကုန်မြို့ နှင့်မန္တလေးမြို့တို့ တွင် ကျောက်မျက် ရတနာ အကယ်ဒမီ သင်တန်း ကျောင်းများ ဖွင့်လှစ်ပေး နိုင်ရေး အတွက် ကျောက်မျက် ရတနာ ပညာရှင်များ၊ ကုန်သည် များနှင့် လုပ်ငန်း ရှင်များက ပူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၂၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger