www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Saturday, March 11, 2017

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့ တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ ကမ္ဘောဒီးယားနိုင်ငံမှ ပြန်လည်ထွက်ခွာ၊ နေပြည်တော်သို့ ပြန်လည်ရောက်ရှိ


တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာတပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့အား ကမ္ဘောဒီးယား ဘုရင့်တပ်မတော် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် General Eth Sarathနှင့်ဇနီး၊ တာဝန်ရှိသူတို့က ကမ္ဘောဒီးယားနိုင်ငံ Siem Reap မြို့အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြစဉ်။


တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာတပ်မတော် 
ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့အား ဒုတိယတပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်
 (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး ဦးစိုးဝင်း နှင့် တာဝန်ရှိသူတို့က နေပြည်တော်လေဆိပ်၌ ကြိုဆို 
နှုတ်ဆက်ကြစဉ်။

နေပြည်တော် -၁၁-၃-၂၀၁၇

ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံနှင့် ကမ္ဘောဒီးယား နိုင်ငံများသို့ ချစ်ကြည်ရေး အလည်အပတ် ခရီး သွားရောက် ခဲ့သည့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့ တပ်မတော် ချစ်ကြည် ရေးကိုယ်စားလှယ် အဖွဲ့သည် ယနေ့ ဒေသ စံတော်ချိန် ညနေ ၃ နာရီတွင် ကမ္ဘောဒီးယား နိုင်ငံ၊ Siem Reap မြို့ အပြည်ပြည် ဆိုင်ရာ လေဆိပ်မှ ပြန်လည် ထွက်ခွာ ကြရာ ကမ္ဘောဒီးယား ဘုရင့် တပ်မတော် ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် General Eth Sarath နှင့်ဇနီး၊ ကမ္ဘောဒီးယား ဘုရင့် တပ်မတော်မှ အရာရှိ ကြီးများ၊ ကမ္ဘောဒီးယား နိုင်ငံဆိုင်ရာ မြန်မာ စစ်သံ (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးကြီး ဝင်းကို နှင့် တာဝန် ရှိသူများက လေဆိပ်၌ ပို့ဆောင် နှုတ်ဆက် ကြသည်။ 

မြန်မာ့ တပ်မတော် ချစ်ကြည်ရေး ကိုယ်စား လှယ်အဖွဲ့သည် ယနေ့ ညနေ ၅ နာရီခွဲတွင် နေပြည်တော် လေဆိပ်သို့ ပြန်လည် ရောက်ရှိ ကြရာ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်းနွယ်၊ ကာကွယ်ရေးဦးစီးချုပ် ရုံးမှ တပ်မတော်အရာရှိ ကြီးများ၊ နေပြည်တော် တိုင်းစစ် ဌာနချုပ် တိုင်းမှူး နှင့် မြန်မာနိုင်ငံ ဆိုင်ရာ ကမ္ဘောဒီးယား နိုင်ငံ သံအမတ်ကြီး H.E.Mr.Sor Chea၊ မြန်မာ နိုင်ငံ ဆိုင်ရာ ဗီယက်နမ် ဆိုရှယ်လစ် သမ္မတ နိုင်ငံသံရုံးမှ ဒုတိယ သံရုံး အကြီးအကဲ Mr. Nguyen Thanh Vinh နှင့် တာဝန်ရှိသူ တို့က လေဆိပ်၌ ကြိုဆို နှုတ်ဆက် ကြသည်။

အဆိုပါ မြန်မာ့ တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့တွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဇနီး ဒေါ်ကြူကြူလှ တို့နှင့်အတူ အဖွဲ့ဝင်များ အဖြစ် လိုက်ပါသွားသည့် ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိ ကြီးများ ပြန်လည် လိုက်ပါ လာကြောင်း သတင်း ရရှိသည်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာတပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့အား ဒုတိယတပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး ဦးစိုးဝင်း နှင့် တာဝန်ရှိသူတို့က နေပြည်တော်လေဆိပ်၌ ကြိုဆို နှုတ်ဆက်ကြစဉ်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger