www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, March 1, 2017

ကော့သောင်းခရိုင် ကရသူရိမြို့ရှိ ရေချိုချောင်းအတွင်း မိကျောင်း တစ်ကောင်ဖမ်းမိ



ကရသူရိ ၁-၃-၂၀၁၇

တနင်္သာရီတိုင်း ဒေသကြီး ကော့သောင်း ခရိုင် ကရသူရိမြို့ ကော့ဗမာ ကျေးရွာ ကျောက်ကြီး ချောင်းအတွင်း ယနေ့ နံနက် ၉ နာရီ ခန့်တွင် ကုန်းပေါ် တက်လာသည့် မိကျောင်း တစ်ကောင်ကို ဆီအုန်း စိုက်ပျိုးရေး လုပ်သားများက ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။

ကျောက်ကြီး ချောင်းသည် ရေချို ရေငန်စပ်ချောင်း ဖြစ်ပြီး မိကျောင်းများ ပေါက်ပွား လေ့ရှိကြောင်း၊ ယခု ဖမ်းဆီး ရမိသည့် မိကျောင်းသည် အရှည် ၁၂ ပေ လုံးပတ် ၅ ပေရှိ မိကျောင်း အမ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကျောက်ကြီးချောင်း တစ်ဝိုက်တွင် ရွှေမြေရတနာ ဆီအုန်းစိုက်ပျိုးရေး ကုမ္ပဏီမှ ဆီအုန်းစိုက်ပျိုး ထုတ်လုပ် လျက်ရှိသည်။ မိကျောင်းသည် စားကျက်လမ်း မှား ကျော်လွန် လာပြီး ဆီအုန်းစိုက်ခင်းအတွင်း လာရောက် ကျက်စား သော တောဝက် ထောင်ထားသည့် ညွှတ်ကွင်း၌ ငြိတွယ် မိခြင်းဖြစ်၍ ဆီအုန်းခြံ အလုပ်သမား များနှင့် ရွာသားများက စုပေါင်း ဖမ်းဆီးခဲ့ ခြင်းဖြစ်သည်။

ဖမ်းဆီး ရမိသည့် မိကျောင်းကို မြို့နယ် အုပ်ချုပ်ရေး တာဝန် ရှိသူများ၊ မြို့နယ် သစ်တော ဦးစီးဌာနမှ တာဝန်ရှိသူ များက ဘေးမဲ့ သတ္တဝါအဖြစ် လူသူဝေးရာ ပင်လယ် အတွင်းသို့ ပြန်လည် လွှတ်ပေးရန် စီစဉ်လျက် ရှိကြောင်း သိရသည်။ 

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger