www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, March 8, 2017

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ အမျိုးသားကာကွယ်ရေးဝန်ကြီးမှ တည်ခင်းဧည့်ခံသော ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်


 တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှ
 ဗီယက်နမ်တပ်မတော် ဖျော်ဖြေရေးအဖွဲ့ဝင်များနှင့်အတူ အမှတ်တရစုပေါင်းဓာတ်ပုံ ရိုက်စဉ်

 တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှ ဗီယက်နမ်
ဆိုရှယ်လစ်သမ္မတနိုင်ငံ အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန ၀န်ကြီး General Ggo Xuan Lich
 နှင့်အတူ ညစာသုံးဆောင် နေစဉ် ဗီယက်နမ်တပ်မတော်ဖျော်ဖြေရေးအဖွဲ့များက
 အဆို၊ အကများဖြင့် ဧည့်ခံဖျော်ဖြေစဉ်


နေပြည်တော် ၊ ၈-၃-၂၀၁၇

ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့အား မတ် ၆ ရက် ဒေသစံတော်ချိန် ည ၇ နာရီတွင် ဟနွိုင်းမြို့ Melia ဟိုတယ်၌ အမျိုးသား ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး General Ggo Xuan Lich မှ ဂုဏ်ပြုညစာဖြင့် တည်ခင်း ဧည့်ခံသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဇနီး ဒေါ်ကြူကြူလှ နှင့် မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ဝင် များအား အမျိုးသား ကာကွယ်ရေးဝန်ကြီး General Ngo Xuan Lich နှင့် ဗီယက်နမ်တပ်မတော် အရာရှိကြီးများက ရင်းနှီးစွာ ကြိုဆိုနှုတ်ဆက် ကြသည်။

ထို့နောက် General Ngo Xuan Lich နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့က နှုတ်ခွန်းဆက်စကားများ အသီးသီး ပြောကြားကြသည်။

ယင်းနောက် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက် လာသူများနှင့်အတူ ခင်မင်ရင်းနှီးစွာ ညစာ အတူတကွ သုံးဆောင်ကြသည်။ ညစာသုံးဆောင်နေစဉ် အတွင်း ဗီယက်နမ်တပ်မတော် ဖျော်ဖြေရေးအဖွဲ့ များက အဆို၊ အကများဖြင့် ဧည့်ခံဖျော်ဖြေ ကြသည်။

ညစာသုံးဆောင်ပြီး ချိန်တွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် နှင့်ဇနီးတို့က ဗီယက်နမ်တပ်မတော် ဖျော်ဖြေရေးအဖွဲ့ဝင် များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် ၍ ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပြီး အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ကူးကြသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်ဇနီးတို့သည် ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ၊ အမျိုးသား ကာကွယ်ရေးဝန်ကြီး နှင့် အမှတ်တရလက်ဆောင် ပစ္စည်းများ အပြန်အလှန် လဲလှယ်ပေးအပ် ခဲ့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger