www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, March 22, 2017

မဘိမ်းမြို့နယ်အတွင်း တရားမ၀င်သစ် နှင့် သစ်ခိုးယာဉ်များ သိမ်းဆည်းရမိ






နေပြည်တော် ၊ ၂၂-၃-၂၀၁၇

တပ်မတော်အနေဖြင့် ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊စည်းစိမ်ကို ကာကွယ် စောင့်ရှောက်ရန် အတွက် နေရာဒေသ အသီးသီး၌ နယ်မြေလုံခြုံရေး တာဝန်များနှင့် နယ်မြေစိုးမိုးရေး တာဝန်များကို ထမ်းဆောင်လျက် ရှိသည့်အပြင် မြန်မာ့အဖိုးတန် သယံဇာတများအား တရားမဝင် ခိုးထုတ်သယ်ဆောင် ရောင်းဝယ်မှုများ မရှိစေရေးအတွက် တားဆီး ကာကွယ်ခြင်းများကို ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပူးပေါင်းပါဝင် ကူညီဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်လျက် ရှိရာတွင် တပ်မတော် စစ်ကြောင်းသည် မတ် ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မဘိမ်းမြို့နယ်၊ တုံကွာကျေးရွာ ၏ အရှေ့တောင်ဘက် ၆ မိုင်ခွဲခန့် နေရာနှင့် အနီးပတ်ဝန်းကျင် တစ်ဝိုက်သို့ ရောက်ရှိ ရှင်းလင်းစဉ် ကျွန်းသစ်လုံး ဆိုဒ်စုံ ၁၄၉၂ လုံး (ခန့်မှန်း ၄ဝ၂ တန်ခန့်)၊ ကျွန်းသစ်ခွဲသား ဆိုဒ်စုံ ၅၅၁ဝ၇ ချောင်း (ခန့်မှန်း ၅၃၇ တန်ခန့်)၊ တမလန်းသစ်လုံး ဆိုဒ်စုံ ၁၁ဝ လုံး (ခန့်မှန်း ၁ တန်ခန့်)၊ ပိတောက်သစ်လုံး ဆိုဒ်စုံ ၅၅ လုံး (ခန့်မှန်း ၁ တန်ခွဲခန့်)၊ ပိတောက်ခွဲသား ဆိုဒ်စုံ ၂ဝဝဝ ချောင်း (ခန့်မှန်း ၂ တန်ခွဲခန့်) စုစုပေါင်း ခန့်မှန်း သစ်တန်ချိန် ၉၄၄ ဒသမ ၈ တန်ခန့်၊ ကရိန်းယာဉ် တစ်စီး၊ ယမ်းဖောင် အမျိုးအစား မော်တော်ယာဉ် နှစ်စီး၊ ဖိုတွန်အမျိုးအစား မော်တော်ယာဉ် တစ်စီး၊ သရီးကရောင်း ယာဉ်ငါးစီး၊ တုန်ဖန်း အမျိုးအစား မော်တော်ယာဉ် လေးစီး စုစုပေါင်း သစ်ခိုးထုတ်သည့် ယာဉ်၊ ယန္တရားမျိုးစုံ ၁၃ စီးနှင့် ဆက်စပ်ပစ္စည်းများ ဖြစ်သည့် သစ်ခွဲစက် လေးလုံး၊ မီးစက်တစ်လုံး၊ လွှဝိုင်းနှစ်ခု တို့ကို ပိုင်ရှင်မဲ့ ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိ ခဲ့သည်။

အလားတူ မံဝိန်းကြီးနယ်မြေ အတွင်း မတ် ၁၁ ရက်တွင် တပ်မတော် စစ်ကြောင်းများက နယ်မြေ ရှင်းလင်းရေး ဆောင်ရွက်စဉ် တရုတ်နိုင်ငံသား ၁၁ ဦးအား သစ်ခိုးယာဉ်၊ ယန္တရားမျိုးစုံ ၉၉ စီးတို့နှင့်အတူ ဖမ်းဆီးရမိ ခဲ့ကြောင်းကို မတ် ၁၂ ရက်နှင့် ၁၃ ရက်တို့တွင် သတင်းထုတ်ပြန် ဖော်ပြခဲ့ပြီးနောက် မတ် ၁၄ ရက်တွင် သစ်ခိုးယာဉ်မျိုးစုံ ၂၄ စီး၊ မတ် ၁၅ ရက်တွင် ယမ်းဖောင် အမျိုးအစား သစ်ခိုးယာဉ် တစ်စီး၊ မတ် ၁၆ ရက်တွင် ယမ်းဖောင် အမျိုးအစား သစ်ခိုးယာဉ် ၁၃ စီး နှင့်မတ် ၁၈ ရက်တွင် ယမ်းဖောင် အမျိုးအစား သစ်ခိုးယာဉ် ၁ဝ စီး စုစုပေါင်း ၄၈ စီးအား ထပ်မံ ရှာဖွေသိမ်းဆည်း ရမိပြီးဖြစ်၍ မတ် ၁၁ ရက်မှ ၁၈ ရက်အတွင်း မံဝိန်းကြီး နယ်မြေ အတွင်းမှ သစ်ခိုးယာဉ် မျိုးစုံ စုစုပေါင်း ၁၄၇ စီးတို့ကို သိမ်းဆည်းရမိ ခဲ့ပြီးဖြစ်သည်။

ထိုကဲ့သို့ တပ်မတော် စစ်ကြောင်းများက တရုတ်နိုင်ငံသား များနှင့် သစ်ခိုးထုတ်မည့် ယာဉ်၊ ယန္တရားများကို ရှာဖွေဖော်ထုတ် သိမ်းဆည်းနိုင်ခဲ့ သောကြောင့် မိမိနိုင်ငံ၏ အဖိုးတန် သယံဇာတများကို တရားမဝင် ခိုးထုတ်မည့်  အခြေအနေများမှ အချိန်မီတားဆီး နိုင်ခဲ့ကြောင်းနှင့် ဆက်လက် ၍လည်း တပ်မတော် စစ်ကြောင်းများအနေဖြင့် မြန်မာ့အဖိုးတန် သယံဇာတများကို တရားမဝင် ခိုးထုတ်မှု မရှိစေရေးအတွက် နယ်မြေရှင်းလင်းမှုများ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger