www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Saturday, March 18, 2017

မြန်မာနိုင်ငံအတွင်း မြင်းစီးခရီးစဉ် ၀န်ဆောင်မှု တွင်ကျယ်လာသဖြင့် ပူးပေါင်းလုပ်ကိုင်သော ကုမ္ပဏီ တစ်ထောင်နီးပါးရှိလာ



ရန်ကုန် ၁၈-၃-၂၀၁၇

မြန်မာနိုင်ငံ အတွင်း လာရောက် လည်ပတ်သော နိုင်ငံခြား ခရီးသွား ဧည့်သည် များသည် မြင်းစီးခြင်းကို ကြိုက်နှစ်သက် ကြသည့် အတွက် မြင်းစီးခရီးစဉ် ဝန်ဆောင်မှု လုပ်ငန်းများ တွင်ကျယ်လာ သဖြင့် ပူးပေါင်း လုပ်ကိုင် ကြသော ကုမ္ပဏီ တစ်ထောင်နီးပါး အထိရှိ လာကြောင်း အရိန္ဒမာ မြင်းစီး ခရီးသွား ဝန်ဆောင်မှု လုပ်ငန်း မန်နေးဂျင်း ဒါရိုက်တာ ဒေါ်အေးသီတာမိုး ထံမှ သိရသည်။ 

မြင်းစီးနင်း သည့်ခရီး စဉ်သည် ဝန်ဆောင် စရိတ် ကြီးမြင့် သော်လည်း သဘာဝ တောလမ်းများ အတိုင်း ခရီးသွားခြင်း ဖြစ်၍ နိုင်ငံခြား ခရီးသွား ဧည့်သည်များ ကြိုက်နှစ်သက် ကြောင်း၊ ထို့ကြောင့် ၂ဝ၁၁ ခုနှစ်မှ စတင်၍မြင်းစီးခရီးစဉ် ဝန်ဆောင်မှု အတွက် ကုမ္ပဏီ ပေါင်း ၂ဝ ခန့်ဖြင့်သာ လက်တွဲ လုပ်ကိုင် ခဲ့သော်လည်း လက်ရှိတွင် ကုမ္ပဏီ တစ်ထောင် နီးပါးဖြင့် စာချုပ်ချုပ်ဆို နိုင်ပြီ ဖြစ်ကြောင်း၊ ထို့ပြင် မြင်းစီး၍ ရှမ်းပြည်နယ် အထိသွားရောက်နိုင်ရန် ဝန်ဆောင်မှု ပေးနိုင်ပြီဖြစ် ကြောင်းသိရသည်။

သို့သော် ချင်းပြည်နယ်၌ လမ်းပန်းဆက် သွယ်ရေး အခက်အခဲ ကြောင့် မြင်းစီးနင်း သည့် ခရီးစဉ်ကို ဝန်ဆောင်မှု ပေးနိုင်ရန် ကြိုးပမ်းလျက် ရှိပြီး မြင်းစီး ခရီးသွားတစ်ဦး အတွက် အနည်းဆုံး မြင်းငါးကောင်နှင့် ဆေးအဖွဲ့များက လိုက်ပါ ပေးရကြောင်း သိရသည်။

ဝန်ဆောင်မှု စရိတ်များ အနေဖြင့် နေ့ချင်း ပြန်ခရီးစဉ် တစ်ခုလျှင် အမေရိကန် ဒေါ်လာ ၃ဝဝ ခန့် အထိရှိပြီး မြင်းစီး ခရီးစဉ် ဝန်ဆောင် မှုများကို ပိုမိုစိတ်ဝင်စားမှု ရှိလာသဖြင့် တစ်နိုင်ငံ လုံးရှိ မြင်းပိုင်ရှင်များ နှင့်ချိတ် ဆက်ကာ လုပ်ကိုင်လျက် ရှိကြောင်း သိရသည်။

#themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger