www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, February 9, 2017

ဖန်ပြွန်သန္ဓေသားနည်းဖြင့် ရင်သွေးယူနိုင်မည့် IVF စင်တာဖွင့်လှစ်မည်



ရန်ကုန် ၊ ၉-၂-၂၀၁၇

အကြောင်း အမျိုးမျိုးကြောင့် ရင်သွေးမရ နိုင်သူများ ဖန်ပြွန်သန္ဓေသား နည်းဖြင့် ရင်သွေးယူနိုင်ရန် ရန်ကုန်မြို့၌ ထိုင်းနိုင်ငံမှ ကုမ္ပဏီတစ်ခု လာရောက် ဖွင့်လှစ် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။

''သဘာဝနည်းနဲ့ ကလေးမရနိုင်တဲ့ မိခင်တွေအတွက် IVF (In-Vitro Fertilization) နည်းပညာနဲ့ ကလေးရအောင် ကျွန်တော်တို့ ကုသပေးမှာပါ။ မြန်မာနိုင်ငံမှာပဲ ဒီနည်းနဲ့ကုသ နိုင်မယ်ဆိုရင် အချိန်ရော၊ လူရော၊ေ ငွကြေးကုန်ကျမှု တွေပါ လျော့နည်း သက်သာပြီး အကျိုးဖြစ်ထွန်း စေပါတယ်။ နိုင်ငံခြားမှာ အကြာကြီး သွားနေစရာ မလိုဘဲနဲ့ မြန်မာနိုင်ငံမှာပဲ ဒီနည်းပညာကို မိတ်ဆက်ပေး ပါမယ်။ ပြီးရင် မြန်မာနိုင်ငံက ဆရာဝန်တွေကိုလည်း လေ့ကျင့် ပေးသွားမှာပါ'' ဟု ထိုင်းနိုင်ငံ အခြေစိုက် Phloenchit Medical Center Co.,Ltd. ၏ Life Science Center တာဝန်ရှိပုဂ္ဂိုလ် Mr. Chad Teo က ပြောသည်။

''ဒီက သားဖွားမီးယပ် ဆရာဝန်တွေကို ထိုင်းနိုင်ငံမှာ Training နှစ်နှစ်လောက်တော့ အနည်းဆုံး ပေးရပါမယ်။ ဒီ IVF Center ဖွင့်ဖို့အတွက် ဆရာဝန်တွေ အနေနဲ့လည်း နိုင်ငံတော်ရဲ့ ခွင့်ပြုချက်ကို ယူပြီး နိုင်ငံခြားက Training ပြီးတော့မှ ဒီမှာ အလုပ်လုပ်ဖို့ စီစဉ်ထားပါတယ်။ လောလောဆယ် Treatment ပေးဖို့ကတော့ Medical Council ကနေ ခွင့်ပြုချက် ရပြီးရင် လုပ်ပေးလို့ရ ပါတယ်။ တကယ်လို့ လူနာတွေက Contact လုပ်ချင်တယ်ဆိုရင် ရုံးဖွင့်ချိန်ကျရင် ဖုန်းနံပါတ်တွေကို မီဒီယာမှာ ကြော်ငြာပေး ပါမယ်'' ဟု Mr. Chad Teo က ဆက်လက် ပြောသည်။

လက်ရှိတွင် ဖန်ပြွန်သန္ဓေသားနှင့် ပတ်သက်သည့် အကြောင်းအရာများ၊ ဆောင်ရွက်လိုသူ များနှင့် ဆွေးနွေးတိုင်ပင် လိုသူများကို ရှင်းလင်းဆွေးနွေး ပေးမည်ဖြစ်ပြီး ၄င်းလူနာများ အနက် IVF မလုပ်မီဆောင်ရွက် သင့်သည်များ ကိုလည်း ကြိုတင် ပြုလုပ်ပေး သွားမည် ဖြစ်ကြောင်း သိရသည်။

လူနာများ အနေဖြင့် နိုင်ငံခြားသွား လိုပါက ပို့ဆောင်ပေး မည်ဖြစ်ပြီး ၄င်းတို့၏ Science Center တွင် သန္ဓေသား ထည့်ကာ သားလောင်းသည် မိခင်ကိုယ်တွင်း၌ ကျန်းကျန်းမာမာ ရှိချိန်တွင် မိခင်အား ပြန်လည်ပို့ဆောင် ပေးမည် ဖြစ်ကြောင်းနှင့် မိခင်အနေ ဖြင့်လည်း ရန်ကုန်၌ ကျန်းကျန်းမာမာ မွေးဖွားနိုင်ရန် ဆောင်ရွက် ပေးမည် ဖြစ်ကြောင်း သိရသည်။

ဝန်းရံခ

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger