www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, February 9, 2017

ရန်ကုန်မြစ်နံဘေးနေရာများကို အများပြည်သူ အပန်းဖြေဧရိယာအဖြစ် ဖော်ဆောင်နေမှု ယခုဘဏ္ဍာနှစ်အတွင်း ပြီးစီးမည်



ရန်ကုန် ၊ ၉-၂-၂၀၁၇

ရန်ကုန်မြစ်ကမ်း နံဘေးနေရာ များကို အများပြည်သူ အပန်းဖြေ အနားယူနိုင်ရန် နေရာအဖြစ် ယခုဘဏ္ဍာနှစ် အတွင်း အပြီး ဖော်ဆောင်မည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ ပန်းဥယျာဉ်နှင့် အားကစားကွင်း များဌာန တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

အများပြည်သူ အပန်းဖြေ အနားယူနိုင်မည့် ဧရိယာကို ငွေကျပ် သိန်း ၁ဝဝဝ ခန့် အကုန်အကျခံ ဆောင်ရွက်ပေးလျက် ရှိပြီး ယခင် အေးရှားဝေါလ် ကုမ္ပဏီ လုပ်ကိုင်ခွင့် ရရှိထားသော နေရာတွင် ဖော်ဆောင်ပေးမည် ဖြစ်ကြောင်း၊ အပန်းဖြေနေရာ ၏ အကျယ်မှာ ပေ ၇ဝ ခန့်ရှိပြီး မြစ်ကမ်းနား တစ်လျှောက် အရှည်သည် ပေ ၇ဝဝ ကျော်ရှိကြောင်း သိရသည်။

ရန်ကုန်မြို့တော် အား စင်ကာပူနိုင်ငံ ကဲ့သို့ သန့်ရှင်းလှပ စေရန် ဖော်ဆောင်မှု များအနက် ယခု အပန်းဖြေနေရာ သည်လည်း တစ်ခုအပါအဝင် ဖြစ်ကြောင်း၊ မြို့တော်နေ ပြည်သူများ အပန်းဖြေ အနားယူ နိုင်မည့် အပြင် ကမ္ဘာလှည့် ခရီးသွား ဧည့်သည်များ ကိုလည်း ဆွဲဆောင်နိုင်ရန် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့တော် အတွင်း အများပြည်သူ အပန်းဖြေ အနားယူနိုင်မည့် နေရာများ နည်းပါး လာခြင်းကြောင့် ထပ်မံ ဖော်ဆောင်ပေးခြင်း ဖြစ်ပြီး မြစ်ကမ်းနံဘေး အများပြည်သူ အပန်းဖြေ ဧရိယာ ပြီးစီးပါက မြစ်တွင်း အလှအပများကို ကြည့်ရှုခံစား နိုင်မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ပြုပြင်မွမ်းမံမှု များလုပ်ငန်း ဆောင်ရွက်နေပြီး ယခု ဘဏ္ဍာနှစ် ကုန်တွင် ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်လျက် ရှိကြောင်း၊ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာန အနေဖြင့် ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်အတွင်း အများပြည်သူ အပန်းဖြေနေရာ များနှင့် အားကစားကွင်းများ ဖော်ဆောင်ရန် ဘတ်ဂျက် ငွေကျပ် ၁ ဒသမ ၆ ဘီလီယံ လျာထားကြောင်း၊ လက်ရှိတွင် ခုံးကျော်တံတားများ အောက်တွင် အပန်းဖြေနေရာ များ၊ မြို့နယ်များရှိ ပန်းခြံများကို အဆင့်မြှင့်တင် ခြင်းများ ဆောင်ရွက်ပေး နေပြီး ရန်ကုန်မြို့အတွင်းရှိ ဆိပ်ကမ်းသာ ပန်းခြံကိုလည်း အဆင့်မြှင့်တင် ပြုပြင်မွမ်းမံ သွားရန်ရှိကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger