www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, February 9, 2017

ကိုယ်ပိုင်အထက်တန်း ကျောင်းများ၌ ၀ိဇ္ဇာဘာသာရပ် ရွေးချယ်သော ကျောင်းသားများ နည်းပါးလာ



ရန်ကုန် ၊ ၉-၂-၂၀၁၇

ပြင်ပ၌ ဖွင့်လှစ်ထားသော ကိုယ်ပိုင် အထက်တန်းကျောင်းများ၌ ဝိဇ္ဇာဘာသာရပ် ကို ရွေးချယ် တက်ရောက်သည့် ကျောင်းသား၊ ကျောင်းသူမှာ နည်းပါးလာကြောင်း ပုဂ္ဂလိက ကိုယ်ပိုင် အထက်တန်းကျောင်း တစ်ခုမှ ဆရာ ရန်ကုန် အရှေ့ပိုင်း တက္ကသိုလ် ဒုတိယ ပါမောက္ခချုပ် (ငြိမ်း) ဦးတင်မောင်ညွန့် ထံမှ သိရသည်။

''ကျောင်းသား၊ ကျောင်းသူတွေက လက်တွေ့ လုပ်ဆောင်ရတဲ့ သိပ္ပံဘာသာတွဲ တွေကို စိတ်ဝင်စားမှု ရှိလာတာ တွေ့ရတယ်။ တချို့ ကျောင်းတွေမှာဆို သိပ္ပံဘာသာတွဲ သင်တဲ့ စာသင်ခန်း ငါးခန်းရှိပြီး ဝိဇ္ဇာဘာသာတွဲ သင်တဲ့ စာသင်ခန်းက တစ်ခန်းလောက်ပဲ ရှိတယ်။ အချိုးက အတော်ကွာခြား နေပါတယ်'' ဟု ဦးတင်မောင်ညွန့် က ပြောသည်။

ယခင်က တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်ပါက တက္ကသိုလ် ရွေးချယ်ရာတွင် ဘာသာတွဲနှင့် ရမှတ်အပေါ် အခြေခံလေ့ရှိပြီး ယခု နောက်ပိုင်းတွင် ဖြေလျှော့မှုများကို လုပ်ဆောင်လာကြ သော်လည်း မိဘအများစု ၏စိတ်ထဲတွင် သိပ္ပံဘာသာတွဲ ကသာ ရွေးချယ်မှု အခွင့်အလမ်း ပိုသာသည်ဟု မှားယွင်းစွာ ယူဆထား ကြသည်။

ဝိဇ္ဇာဘာသာရပ် သည်လည်း တိုင်းပြည်အတွက် အရေးကြီးကြောင်း၊ လူဦးရေနှင့် ဝင်ငွေ တွက်ချက်နည်းများ၊ ရှေးမြန်မာ ရာဇဝင်များ၊ ကမ္ဘာ့နိုင်ငံများ၏ သမိုင်း အဖြစ်အပျက်များ၊ ရေမြေ သယံဇာတ သဘာဝ ပတ်ဝန်းကျင်နှင့် သက်ဆိုင်သော ဗဟုသုတ များကို အခြေခံကာ ဖြည့်ဆည်းပေး ထားသော ဘာသာတွဲများ ဖြစ်သည့် အတွက် ပစ်ပယ်၍ မရသော ဘာသာတွဲ တစ်ခုလည်း ဖြစ်ကြောင်း ဦးတင်မောင်ညွန့် က ပြောသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger