www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, February 7, 2017

ကော့သောင်းမြို့ နှင့် ခမောက်ကြီးမြို့ အတွင်းဘင်္ဂါလီလူမျိုးများ ဖမ်းဆီးရမိ


ဖမ်းဆီးရမိဘင်္ဂါလီများကို တွေ့ရစဉ်

နေပြည်တော် ၊ ၇-၂-၂၀၁၇

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့၊ ရွှေပြည်သာရပ်ကွက်အနီး၌ မသင်္ကာဖွယ်ဘင်္ဂါလီနှစ်ဦး တွေ့ရှိကြောင်း သတင်းအရ ဖေဖော်ဝါရီ ၅ ရက် နံနက် ၁၀ နာရီခန့်တွင် မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက သွားရောက်ရှာဖွေရာ ရွှေပြည်သာ ရပ်ကွက်၏ အနောက်ဘက် ၄ ဖာလုံခန့် အကွာ၌ တစ်ဖက်နိုင်ငံမှ တရားမ၀င် ၀င်ရောက်လာသော ဘင်္ဂါလီလူမျိုး မာစတ်ဆာဒတ် (ဘ) အာအက်ဆီဒိတ် နှင့် မာမတ်ကော်ယုပ် (ဘ) မာမတ်ဆလန်း တို့နှစ်ဦးအား ဖမ်းဆီးရမိ ခဲ့သည်။

အလားတူ ညနေ ၄ နာရီခန့်တွင်လည်း ခမောက်ကြီးမြို့နယ်၊ အောင်ဘကျေးရွာ ၏ အရှေ့ဘက် ၈ မိုင်ခန့်အကွာ၌ တစ်ဖက်နိုင်ငံမှ တရားမ၀င် ၀င်ရောက်လာသော ဘင်္ဂါလီလူမျိုး မိုဟာမတ်ရိုးမားမြက် (ဘ) မိုဟာမတ်ဗဒူကော်ဘီ အား ထပ်မံဖမ်းဆီး ရမိခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိ ဘင်္ဂါလီများအား တရားဥပဒေ အရ အရေးယူနိုင်ရေး ရွှေပြည်သာမြို့မရဲစခန်းနှင့် ခမောက်ကြီး ရဲစခန်းများသို့ စနစ်တကျ လွှဲပြောင်းအပ်နှံ ခဲ့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger