www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, February 13, 2017

ယခုနှစ် ဇန်န၀ါရီလ ဒုတိယပတ်အတွင်း ပင်လယ်ရေကြောင်းမှ ဒီဇယ်နှင့် ဓာတ်ဆီတန်ချိန် ၂ သိန်း ၂ သောင်းကျော် တင်သွင်းခဲ့



နေပြည်တော် ၊ ၁၃-၂-၂၀၁၇

ယခုနှစ် ဇန်နဝါရီ ဒုတိယပတ် အတွင်း ပင်လယ် ရေကြောင်းမှ ဒီဇယ်နှင့် ဓာတ်ဆီတန်ချိန် စုစုပေါင်း နှစ်သိန်း နှစ်သောင်းကျော် တင်သွင်း ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန သတင်းများ အရ သိရသည်။

ယခုအခါ စက်သုံးဆီများ သိုလှောင်ဖြန့်ဖြူး ရောင်းချမှု လုပ်ငန်းများကို ပုဂ္ဂလိက စီးပွားရေးလုပ်ငန်း များသို့ လုပ်ကိုင်ခွင့်ပြု ပေးခဲ့ပြီး ဖြစ်သည်။ အဆိုပါ ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းများ အနေဖြင့် စက်သုံးဆီ များကို ပြည်ပနိုင်ငံ များမှ တင်သွင်းဖြန့်ဖြူး ရောင်းချ နေကြခြင်း ဖြစ်သည်။

ယခုအခါ အဆိုပါ ပြည်တွင်း စီးပွားရေးလုပ်ငန်းများ တွင်ကျယ်စွာ လုပ်ကိုင်ဆောင်ရွက် နေသည့် ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီး စက်သုံးဆီ ဈေးကွက် အရောင်းသွက် လာသောကြောင့် ပြည်ပမှ အပတ်စဉ်တင်သွင်း ရောင်းချပေး နေကြရသည်။ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန သတင်းများအရ ယခုနှစ် ဇန်နဝါရီ ဒုတိယပတ်အတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်ရေး လမ်းကြောင်းမှ ဒီဇယ် နှင့် ဓာတ်ဆီတန်ချိန် စုစုပေါင်း ၂၂၉၂၂၉ ဒသမ ၈၁၃ တန် တင်သွင်း ခဲ့ကြောင်း သိရသည်။

ထိုသို့ တင်သွင်းရာတွင် ဇန်နဝါရီ ၁၅ ရက်မှ ၂၁ ရက်ထိ တစ်ပတ်အတွင်း အမေရိကန် ဒေါ်လာ ၆၄၃၆၉၈၇၇ တန်ဖိုးရှိ ဒီဇယ် ၁၁၈၇၄၃ ဒသမ ၈၄၅ တန်နှင့် အမေရိကန် ဒေါ်လာ ၂ဝ၉၉၄၂၇ဝ တန်ဖိုးရှိ ဓာတ်ဆီ ၂၄၈၇၇ ဒသမ ၉၆၈တန် စုစုပေါင်း ၁၄၃၆၂၁ ဒသမ ၈၁၃ တန် တင်သွင်းခဲ့ခြင်း ဖြစ်ပြီး ဇန်နဝါရီ ၂၂ ရက်မှ ၂၈ ရက်ထိ တစ်ပတ်အတွင်း အမေရိကန် ဒေါ်လာ ၃၁၉၁၅၅၄၇ တန်ဖိုးရှိ ဒီဇယ် ၆၂၁ဝ၄ ဒသမ ၃ဝ၆ တန်နှင့် အမေရိကန် ဒေါ်လာ ၁၆ဝ၇၃၇၉၁ တန်ဖိုးရှိ ဓာတ်ဆီ ၂၃၅ဝ၃ ဒသမ ၆၉၄ တန် စုစုပေါင်း ၈၅၆ဝ၈ တန် တင်သွင်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၂၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger