www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, February 6, 2017

မြို့ပတ်ရထားစီးနင်းမှု တိုးတက်လာသည်နှင့်အမျှ တစ်လစာကြိုဝယ် ရထားလက်မှတ်ဝယ်ယူစီးနင်းမှု များပြားလာ




ရန်ကုန် ၊ ၆-၂-၂၀၁၇

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော မြို့ပတ်ရထား များတွင် စီးနင်းသူဦးရေ တိုးတက်လာသည် နှင့်အမျှ တစ်လစာ ကြိုဝယ် ရထားလက်မှတ်ဖြင့် ဝယ်ယူစီးနင်းသူ အရေအတွက် များပြား လာကြောင်း မြန်မာ့မီးရထား လုပ်ငန်း တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

အဆိုပါ တစ်လစာကြိုဝယ် ရထားလက်မှတ် များသည် နေ့စဉ်ဝယ်ယူ စီးနင်းရသည့် လက်မှတ်ခ နှုန်းထားထက် သက်သာသည့် အပြင် လက်မှတ်ရုံ၌ နေ့စဉ်ဝယ်ယူ ရသည့် ဒုက္ခမှကင်းဝေး သဖြင့် အသုံးပြု၍ စီးနင်းသူများပြား လာခြင်းဖြစ်သည်။ ရန်ကုန်မြို့ တွင်း YBS ဘတ်စ်ကားစနစ်များ ပြောင်းလဲ ပြေးဆွဲပြီးနောက် တစ်ဆင့်တည်းဖြင့် မြို့ထဲသို့ အရောက် လာနိုင်သော မြို့ပတ်ရထား များကို ရွေးချယ်စီးနင်းသူ များပြားလာသည့် အတွက် မြန်နှုန်းမြှင့် ပြေးဆွဲနိုင်ရန် ဆောင်ရွက်လျက် ရှိသည်။ 

ယခုအခါ တစ်လစာကြိုဝယ် ရထားလက်မှတ် စနစ်ဖြင့် စီးနင်းသူဦးရေ သည် တစ်လလျှင် ၄ဝဝဝ ကျော်မှ ၅ဝဝဝ ကျော်အထိ ရှိလာပြီး အဆိုပါ လက်မှတ်စနစ် စတင်ချိန်တွင် အသုံးပြုသူ ဦးရေ ၃၆ဝဝ ခန့်သာရှိခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့တွင်း အဆိုပါ ရထားစီးခများသည် ငွေကျပ် ၁ဝဝ တန် (၁၅ မိုင်) လက်မှတ် အတွက် ငွေကျပ် ၃၃၅ဝ ကျသင့်မည် ဖြစ်ပြီး ငွေကျပ် ၂ဝဝ တန် (၁၅ မိုင် အထက်) လက်မှတ်အတွက် ငွေကျပ် ၆၇ဝဝ ကျသင့် မည်ဖြစ်သည်။ မြန်မာ့မီးရထား လုပ်ငန်းမှ ရထားလက်မှတ်ခ များကို ၂ဝ၁၆ ခုနှစ် ဇူလိုင်လမှစ၍ ခရီးမိုင် ၁၅ မိုင်လျှင် ငွေကျပ် ၁ဝဝ ၊ ၁၅ မိုင်နှင့်အထက် ဖြစ်ပါက ငွေကျပ် ၂ဝဝ ဖြင့် ပြောင်းလဲ ကောက်ခံလျက် ရှိသည်။

အများပိုင် ဘတ်စ်ကားစနစ် စတင်ပြေးဆွဲသော ဇန်နဝါရီ ၁၆ ရက်မှစ၍ မြန်မာ့မီးရထား လုပ်ငန်းအနေဖြင့် အင်းစိန်- ရန်ကုန် ရထားလမ်း၌ အထူးရထား တစ်စင်းတိုးချဲ့ ပြေးဆွဲခဲ့ရသည်။ ပုံမှန်အားဖြင့် ၁ဝ မိနစ် တစ်စင်းနှုန်းဖြင့် ပြေးဆွဲပေးနေပြီး ထပ်မံပြေးဆွဲ ပေးနေသော အထူးရထား တစ်စင်းလျှင် လူဦးရေ ၃ဝဝ ကျော် လိုက်ပါစီးနင်း နိုင်ကြောင်း သိရသည်။

မြန်မာ့မီးရထား လုပ်ငန်း အနေဖြင့် ပြည်သူများ အရေးပေါ် လိုအပ်လာပါက ပြေးဆွဲနိုင်ရန် အင်းစိန်ဘူတာ၌ တွဲဆိုင်းနှစ်ဆိုင်း၊ ရန်ကုန်ဘူတာကြီး ၌ တွဲဆိုင်းသုံးဆိုင်း နှင့် လှော်ကားဘူတာ ၌ တွဲဆိုင်းနှစ်ဆိုင်း တို့ကိုလည်း အရန်သင့်စီစဉ် ပေးထားကြောင်း သိရသည်။ ပုံမှန်အားဖြင့် တစ်ရက်လျှင် မြို့ပတ်ရထား အစင်းရေ ၂၁၅ စင်း ပြေးဆွဲ ပေးလျက်ရှိပြီး ရထားစီး ခရီးသည်များ၏ အခြေအနေကို ချိန်ဆနိုင်ရန် အတွက် နယ်မြေအလိုက် စောင့်ကြည့်ရန် တာဝန်ချထား ပေးထားကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger