www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, February 6, 2017

စေတိယင်္ဂဏ ပရိယတ္တိဓမ္မာနုဂ္ဂဟ စာအောင်ဆုနှင်းသဘင် ကျင်းပ



ရန်ကုန် ၊ ၆-၂-၂၀၁၇

ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့က ကြီးမှူး ကျင်းပသည့် (၉၉) ကြိမ်မြောက် စေတိယင်္ဂဏ ပရိယတ္တိဓမ္မာနုဂ္ဂဟ စာလျှောက် မေးပွဲတွင် အောင်မြင်ခဲ့ကြသော သံဃာတော် အရှင်သူမြတ် တို့အား ဂုဏ်ပြုပူဇော်သည့် စာအောင် ဆုနှင်းသဘင် အခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီတွင် အဆိုပါ စေတီတော် ရာဟုထောင့်ရှိ ချမ်းသာကြီး တန်ဆောင်း၌ ကျင်းပသည်။

ရှေးဦးစွာ အခမ်းအနား မစတင်မီ ရင်ပြင်တော် တောင်ဘက် ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်းစုရပ်၌ စာအောင် သံဃာတော်များနှင့် ဆွေတော် မျိုးတော်များက အခမ်းအနား အဆောင်အယောင် များဖြင့်
စေတီတော်ကြီးအား လက်ယာရစ် လှည့်လည် ပူဇော်ကြသည်။ ထို့နောက် အခမ်းအနား ကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ အလှည့်ကျ သဘာပတိ ဂေါပကအဖွဲ့ဝင် ဦးသန်းဇော်က ပူဇော်ပွဲကျင်းပ ရခြင်းအကြောင်း ဂုဏပူဇာ မင်္ဂလာစာတမ်းကို ဖတ်ကြား လျှောက်ထားပြီး ရွှေတိဂုံစေတီတော် သြဝါဒါစရိယ အဘိဓဇ မဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ နိုင်ငံတော် သြဝါဒါစရိယ ရန်ကင်းမြို့နယ် မဟာဓမ္မိကာရုံ ပရိယတ္တိစာသင်တိုက် ကျိုက်ပိကျောင်း ဆရာတော် ဘဒ္ဒန္တဂုဏေသန ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြသည်။

ထို့နောက် စေတိယင်္ဂဏ စာလျှောက်မေးပွဲတွင် အောင်မြင်ခဲ့ကြသည့် သီးခြား စာချတန်းအောင် သံဃာလေးပါးနှင့် သီးခြား စာသင်တန်းအောင် သံဃာငါးပါး တို့အား တာဝန်ရှိသူတို့က ဘွဲ့တံဆိပ်နှင့် အောင်လက်မှတ်များ ဆက်ကပ် ကြသည်။ ထို့နောက် သြဝါဒါစရိယ ဆရာတော်များ၊ ပင့်သံဃာတော် များနှင့် စာအောင် သံဃာတော် များအားလှူဖွယ် ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း ကြပြီး ကောင်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ဝန်းရံခ

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger