www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, January 12, 2017

မန်းရွှေစက်တော် ဘုရားပွဲတော်ချိန် နီးကပ်လာသဖြင့် နဂါးပွက်တောင်ရှိ ငလျင်ဒဏ်ကြောင့် ပြိုကျသည့်အဆောက်အအုံများ အမြန်ပြီးစီးအောင် ဆောင်ရွက်



မင်းဘူး ၊ ၁၂-၁-၂၀၁၇

မကွေးတိုင်း ဒေသကြီး မင်းဘူးမြို့ရှိ နဂါးပွက်တောင် တော်တွင် သြဂုတ်လအတွင်း လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီး ခဲ့သည့် အဆောက်အအုံ များကို မန်းရွှေစက်တော် ဘုရားပွဲတော်ချိန် နီးကပ်လာသဖြင့် တည်ဆောက်ရေး လုပ်ငန်းများ အမြန်ပြီးစီး အောင် ဆောင်ရွက် နေကြောင်း မင်းဘူးမြို့ နဂါးပွက်တောင် သာယာလှပရေး အဖွဲ့ထံမှ သိရသည်။

''နဂါးပွက်တောင် ကို ပွဲတော်ကာလ နီးကပ်လာသဖြင့် ပြုပြင် တည်ဆောက်ရေး လုပ်ငန်းတွေကို အရှိန်မြှင့် ဆောင်ရွက် နေပါတယ်။ လက်ရှိ အစ်မ တော်တောင်နဲ့ မောင် တော်တောင်တွေက မြေထိန်းနံရံ တည်ဆောက်မှု တွေ ပြီးပါပြီ။ လာရောက် ကြည့်ရှုကြတဲ့ ဧည့်သည်တွေ အဆင်ပြေစေဖို့ စတီးလက်ရန်း တွေလဲ တပ်ဆင် သွားမှာပါ။ တောင်ပေါ်က ရှုခင်း၊ ရှုကွက်တွေ ကြည့်ရှုနိုင်အောင် အကာအရံတွေ စီစဉ်တာပါ။ နောက် တောင်ပေါ် အတက် စောင်းတန်းတွေ ပြုပြင်မှုမှာ အချောသပ် လောက်ပဲ ကျန်တယ်။ တောင်ခြေရှိ တန်ဆောင်းကြီးကို မူလဒီဇိုင်းထက် ပိုကောင်းတဲ့ ဒီဇိုင်းနဲ့ တည်ဆောက်နေ တာပါ။ အဲဒါကလဲ တည်ဆောက် ရေးပိုင်းမှာ အဆောက်အအုံတွေ ပိုပြီးခိုင်ခံ့အောင် ဆောင်ရွက် နေတာပါ။ ပွဲတော်ချိန် ကာလမှာ မပြီးနိုင်တာ ဆိုလို့ အချောသပ် လောက်ပဲ ကျန်လောက်မှာပါ'' ဟု မင်းဘူးမြို့ နဂါးပွက်တောင် သာယာလှပရေး အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဝင်း က ပြောပြသည်။

ပွဲတော်ချိန် နီးလာသည့်အတွက် ဈေးဆိုင်ခန်း ၂၇ ခန်းတိတိ ဆောက်လုပ်ပြီး ဖြစ်ကြောင်း၊ ဘုရားဖူး မော်တော်ယာဉ်များ ရပ်နားနိုင်ရန် တောင်တော် အနောက်ဘက် ကွင်းပြင်ကို မြေနီဖို့ကာ ဘက်ဟိုးယာဉ်၊ စက်များနှင့် ကြိတ်ထားကြောင်း၊ ပွဲတော်ချိန် ယာဉ်ရပ်နားကွင်း အဖြစ် စီစဉ် ဆောင်ရွက်ပြီး ဖြစ်ကြောင်း၊ ထို့ပြင် ဓာတ်ခန်းများ၊ နတ်နန်းဆောင် များကို ဖာထေး ပြုပြင်ပြီး ဆေးသုတ် နေကြောင်း၊ သန့်စင်ခန်းများ ကိုလည်း ပြန်လည် တည်ဆောက်ပြီး ဖြစ်ကြောင်း မင်းဘူးမြို့ နဂါးပွက်တောင် သာယာ လှပရေးအဖွဲ့အတွင်းရေးမှူး ဦးရဲဝင်း က ပြောပြသည်။

''ပွဲတော်ချိန် နီးလာပြီဖြစ်သဖြင့် ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့တဲ့ အဆောက်အအုံတွေ အမြန် ပြီးစီးအောင် ဆောင်ရွက် နေကြပါတယ်။ တည်ဆောက်ရေး လုပ်ငန်းတချို့ တစ်ဝက်လောက် ပြီးစီးနေပါပြီ။ ပွဲတော်ကာလမှာ ပြီးစီးဖို့ အားလုံးပူးပေါင်းပြီး ဆောင်ရွက် နေပါတယ်''ဟု မင်းဘူးမြို့ အမှတ် (၁) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအေးလွင် က ပြောပြ၍ သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၂၀)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger