www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, January 25, 2017

အာရပ်ကမ္ဘာ နှင့် ဆက်ဆံရေး ကောင်းမွန်လာသည့် အစ္စရေး


အာရပ်ကမ္ဘာ နှင့် ဆက်ဆံရေး ကောင်းမွန်လာသည့် အစ္စရေး

( ရှိန်းထက် )

Looking to Israel for Clues on Women in Combat
အစ္စရေးနှင့် အာရပ်ကမ္ဘာဟု ဆိုလိုက်သည်နှင့် ကမ္ဘာ့ ရန်သူတော်ကြီး များအဖြစ် ပြေးမြင်ကြမည်မှာ ကျိန်းသေဖြစ်သည်။ ထိုသို့မြင်ကြ သည်မှာ အတိတ်က အာရပ် - အစ္စရေး စစ်ပွဲများသည် ကမ္ဘာ့ကျော် ခဲ့သောကြောင့် ဖြစ်သည်။ သို့သော် ယခု အစ္စရေးနှင့် အာရပ်ကမ္ဘာ တို့က ကမ္ဘာ့ ရန်သူ တော်ကြီးများ မဟုတ်ကြ တော့ပေ။ ၂ဝ၁၅ ခုနှစ် အီရန် နျူကလီးယား သဘော တူညီချက် ပြီးနောက် ဆွန်နီအာရပ် ကမ္ဘာကို ဦးဆောင်သော ဆော်ဒီနှင့် အစ္စရေး ဆက်ဆံရေးသည် ပိုမိုနွေးထွေး လာသည်။ အီရန်ကို ဆန့်ကျင်သည့် ဂျူးနှင့် ရှီးယိုက်ဘာသာ ကို ဆန့်ကျင်သော ဆွန်နီတို့ ပေါင်းစည်းကြမည့် ပွဲဖြစ်သည်။ အနောက်ကမ္ဘာ နှင့် အီရန် ဆက်ဆံရေးက ကောင်းသည်ထက် ကောင်းလာ သကဲ့သို့ အရှေ့ အလယ်ပိုင်း ကမ္ဘာမကြေ ရန်သူတော် ကြီးများ ဆက်ဆံရေး ကလည်း ကောင်းသည်ထက် ကောင်းလာလျက် ရှိသည်။

ပြီးခဲ့သည့် ဆယ်စုနှစ်များကို ကြည့်မည်ဆိုလျှင် အစ္စရေးဟူသော မပြောပလောက်သည့် နိုင်ငံငယ်လေးကို လူဦးရေသန်းရာ ထောင်ချီရှိသည့် အာရပ်ကမ္ဘာ့ က အမြစ်ပြုတ်အောင် တိုက်ထုတ်ချင် ကြသည်။ ထိုပြဿနာ က ၁၉၄၈ ခုနှစ် ဗြိတိန်က အစ္စရေး လွတ်လပ်ရေး ကြေညာခဲ့သည့် အချိန်မှ စတင်သည်။ လူဦးရေ ဆယ်သန်း မပြည့်သော ဂျူးတို့၏ လက်တစ်ဆုပ်စာ နေထိုင်ရာ နေရာလေးကို သန်းရာထောင်ချီ ရှိနေသည့် အစ္စလာမ်မစ် နိုင်ငံများ အားလုံးက အရှေ့ အလယ်ပိုင်းတွင် အတည်ပြု ပေးရန် ငြင်းဆန်ခဲ့ ကြသည်။

ထို့နောက် ဂျူးတို့ကို ဖယ်ရှားရန် စစ်ဆင်ရေးများ စတင်တော့သည်။ ထိုအချိန် က အီဂျစ်၊ ဂျော်ဒန် တို့နှင့် အစ္စရေးတို့ စစ်ပွဲများ ဖြစ်ပွားရာ နာမည် အကြီးဆုံးဖြစ်ခဲ့ သည်။ သို့သော် ထို လက်တစ်ဆုပ်စာ နိုင်ငံငယ် လေးကို အရှေ့အလယ်ပိုင်း အင်အား အကြီးဆုံး နိုင်ငံများထဲမှ တစ်ခုဖြစ်သည့် အီဂျစ်နှင့် ခေတ်မီသော ဂျော်ဒန်နိုင်ငံတို့ က အမြစ်ပြုတ်အောင်၊ ကမ္ဘာ့မြေပုံ ပေါ်မှ ပျောက်ကွယ် သွားအောင် မတိုက်နိုင်ရုံ မျှမက အကြိမ်ကြိမ်ပင် အစ္စရေးကို စစ်ရှုံးနိမ် ခဲ့ရသည်။

Israeli soldiers from the new mixed-gender army
battalion called Bardelas 
တိုက်၍မနိုင်သည့် အဆုံးတော့ ငြိမ်းချမ်းရေး စာချုပ်တွင် လက်မှတ်ရေးထိုး ရတော့သည်။ အီဂျစ်က ပထမဆုံး အစ္စရေးနှင့် ငြိမ်းချမ်းရေး သဘောတူစာချုပ် ကို ၁၉၇၉ ခုနှစ်တွင် လက်မှတ် ရေးထိုးပြီး ဂျော်ဒန်ကတော့ ၁၉၉၄ ခုနှစ်တွင်မှ လက်မှတ်ရေးထိုး ခဲ့ခြင်းဖြစ်သည်။ ဆယ်စုနှစ်နှင့်ချီ စစ်ပွဲများကို ဖြတ်သန်းပြီးမှ အစ္စရေးကို ထိမရမှန်း အာရပ် ကမ္ဘာက လက်ခံခဲ့ကြသည်။ နိုင်ငံပေါင်း ၅ဝ ကျော်ရှိပြီး လူဦးရေ ဘီလီယံနှင့် ချီရှိသည့် အာရပ်ကမ္ဘာ က လူဦးရေ ရှစ်သန်းခန့်သာ ရှိသော နိုင်ငံငယ်လေး ကို စစ်ရေးအရ နိုင်အောင် မတိုက်နိုင်ခြင်း က ဖြစ်နိုင်စရာမရှိ ဟု ထင်စရာ ရှိခဲ့သည်။ အာရပ် တို့ကလည်း ထိုကဲ့သို့ပင် အတွေးရောက်ပြီး အစ္စရေးကို ဆယ်စုနှစ်နှင့် ချီ တိုက်ခဲ့ကြခြင်း ဖြစ်သည်။ တိုက်၍မနိုင်ရုံ သာမက အစ္စရေး လေတပ်၏ ရှောင်တခင် လေကြောင်း တိုက်ခိုက်မှုများ ကိုပင်ကြုံရပြီး လူပေါင်း ရာနှင့်ချီ သေဆုံးခဲ့ ရသည်။

အစ္စရေးကို အာရပ်ကမ္ဘာက ထိ၍မရမှန်း သိပြီး နိုင်ငံတစ်နိုင်ငံ အဖြစ် ၂ဝဝ၂ ခုနှစ်မှသာ စတင်လက်ခံခဲ့ သည်ဟု ဆိုရမည် ဖြစ်သည်။ ဆော်ဒီ အပါအဝင် ၅၇ နိုင်ငံသော အာရပ်နိုင်ငံ များသည် လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့ ၌ စုစည်းပြီး အစ္စရေးကို နိုင်ငံတကာနှင့် တန်းတူ ပုံမှန်သံတမန် ဆက်ဆံရေး ထားရှိရန် သဘောတူ ခဲ့ကြသည်။ သို့သော်လည်း အစ္စရေးနှင့် အာရပ်ကမ္ဘာ တင်းမာမှုက ပြီးဆုံးမသွားဘဲ တအုံနွေးနွေး ရှိကြသည်။ ဆီးရီးယားနှင့် ဆိုလျှင် အစ္စရေးတို့ မကြာခဏ ထိပ်တိုက် တွေ့ခဲ့ရသည်။

လူတိုင်း မသိသေးသည့် သမိုင်းတစ်ခု ကလည်း ရှိနေပြန်သေးသည်။ အစ္စရေးနှင့် အီရန် ဆက်ဆံရေး ဖြစ်သည်။ နှောင်းခေတ် လူများက အစ္စရေးနှင့် အီရန်ကို အစ္စရေးတို့ လွတ်လပ်ရေး ရပြီးသည့် အချိန် ကတည်းက ယခုအချိန်ထိ မဟာရန်သူတော် အဖြစ် ထင်ကြသည်။ ထင်လည်း ထင်ချင်စရာ ဖြစ်သည်။

အီရန် သမ္မတဟောင်း မာမွတ်အမာဒီနီဂျက် လက်ထက်တွင် သာမက ယခုသမ္မတ ဟတ်ဆန်ရိုဟာနီ လက်ထက်တွင်ပင် အီရန်သာ နျူကလီးယား လက်နက်ကို ပိုင်ဆိုင်ခွင့်ရမည် ဆိုလျှင် အမေရိကန်ကို ဘေးချိတ်ပြီး အစ္စရေးဆိုသည့် နိုင်ငံကို ကမ္ဘာ့မြေပုံပေါ်မှ ဖျောက်ဖျက် ပစ်မည်ဟုပင် ခြိမ်းခြောက် ဖူးသောကြောင့် ဖြစ်သည်။ ထိုနည်းတူစွာ အစ္စရေးတို့ ကလည်း အမေရိကန်က သံတမန်ရေးအရ ပြောသည့် စကားများကို အီရန်က မလိုက်နာဟု သူတို့ကထင်လျှင် ချက်ချင်းအီရန်ကို ဗုံးကြဲရန် အသင့်ပြင်ထား သည်ဟု ဆိုပြန်သည်။

အိုဘားမား လက်ထက် ၂ဝ၁၅ ခုနှစ်က အီရန် နျူကလီးယား သဘောတူညီချက် ပြုလုပ် ကတည်းကပင် အစ္စရေးနှင့် အမေရိကန် ဆက်ဆံရေးသည် အဖုအထစ်များ ဖြစ်ပေါ် ခဲ့သည်။ အမေရိကန်တို့ အီရန်နှင့် သဘော တူညီချက်ကို အစ္စရေးသည် အပြင်းထန်ဆုံး ကန့်ကွက်ခဲ့သည်။ အစ္စရေးတို့ သဘောထားက အီရန်နှင့် ပတ်သက်လာလျှင် ပိတ်ဆို့မှု များများ ချမှတ်လေ ကောင်းလေ၊ ဖြေလျှော့မှု တစ်ခုမျှမပေးလေ ကောင်းလေ၊ အီရန်ဆိုးနေလေ သူတို့ကျေနပ်လေ ဆိုသည့် သဘောထား ဖြစ်သည်။

ထို့ကြောင့် လူတိုင်းက အီရန်နှင့် အစ္စရေးကို ကမ္ဘာ့ရန်ဘက်ကြီး များဟု ထင်နေကြ ခြင်းဖြစ်သည်။ အမှန်တကယ် က အီရန်နှင့် အစ္စရေးသည် မဟာမိတ် အရင်းကြီးများ ဖြစ်ခဲ့ကြဖူးသည်။ အီရန်နိုင်ငံကို ၁၉၄၁ ခုနှစ်မှ ၁၉၇၉ ခုနှစ်အထိ အုပ်ချုပ်ခဲ့သည့် မိုဟာမက် ရီဇာပဟ်လာဗီ လက်ထက်တွင် အီရန်အစ္စရေး ဆက်ဆံရေးသည် ရွှေလမ်းငွေလမ်း ခင်းထားသည့် လမ်းနှယ် ဖြောင့်ဖြူးခဲ့ ကြသည်။

တစ်နိုင်ငံ၏ လိုအပ်ချက်ကို တစ်နိုင်ငံက ဖြည့်ဆည်းပေးရန် အသင့်ရှိခဲ့ ကြသည်။ အရင်းနှီးဆုံး မဟာမိတ်များ အဖြစ်မှ အဆိုးရွားဆုံး ရန်သူတော် အဖြစ်သို့ ပြောင်းလဲသွား သည်မှာ ၁၉၇၉ ခုနှစ် အီရန်တော်လှန်ရေး ပြီးနောက် အယာတိုလာ ခိုမေနီ အာဏာရရှိလာခြင်းမှ စတင်ခဲ့သည်။ အစ္စရေးနှင့် သံတမန် ဆက်ဆံရေးများ အားလုံးကို ဖြတ်တောက်ပစ်ပြီး အီရန်ကိုပင် စစ်ကြေညာခဲ့ သေးသည်။ ထိုအချိန်ကစပြီး အီရန်-အစ္စရေး ရန်ငြိုးများ စတင်တော့သည်။ ထိုနည်းတူစွာ ဆွန်နီနိုင်ငံ ဖြစ်သည့် ဆော်ဒီနှင့်လည်း အီရန်တို့ မပြေလည်မှုများ ပိုမိုဆိုးရွားလာ တော့သည်။ ၁၉၈၇ ခုနှစ် အစ္စလာမ်မစ်တို့ အထွတ်အမြတ် ထားရာ မက္ကာ၌ အီရန် ရှီးယိုက်ဘာသာဝင် လူအုပ်ကြီးက အစ္စရေး နှင့် အမေရိကန် တို့ကို ဆန့်ကျင်ကာ ဆန္ဒပြသည်။

ဆော်ဒီအစိုးရက ထိုလူအုပ်ကြီးကို ဖြိုခွဲရန် ကြိုးပမ်းသည့်အခါ အကြမ်းဖက်မှု အသွင်ကို ဆောင်သွား တော့သည်။ ရဲများနှင့် အီရန် ဆန္ဒပြသူများ ပဋိပက္ခဖြစ် ကြသည်။ ဆော်ဒီရဲ ဆယ်နှင့်ချီ သေဆုံးခဲ့ပြီး ဆန္ဒပြသူ များလည်း ရာနှင့်ချီ သေဆုံးရသည်။ တရားဝင် သေဆုံးမှုစာရင်း ထုတ်ပြန်ချက်အရ ၁၉၇၈ ခုနှစ် မက္ကာ ဆန္ဒပြမှုတွင် လူပေါင်း ၄ဝဝ ခန့် သေဆုံးခဲ့ရသည် ဟုဆိုသည်။ အီရန်နိုင်ငံသား တို့ ဆော်ဒီတွင် အသတ်ခံရသည့် သတင်းကြားပြီး သည်နှင့် နောက် တစ်နေ့တွင် တီဟီရန်၌ ရှိသည့် ဆော်ဒီသံရုံး နှင့် ကူဝိတ်သံရုံး တို့ တိုက်ခိုက်ခံ ရသည်။

ထိုအချိန်ကစ၍ ဆော်ဒီတို့က အီရန်နှင့် လုံးဝအဆက်ဖြတ် ခဲ့ပြီး ယနေ့အချိန်ထိ အစ္စရေးနှင့် နည်းတူ မဟာ ရန်သူတော်ကြီး များအဖြစ် ပြောင်းလဲသွား ခဲ့ခြင်းဖြစ်သည်။ အီရန်က အစ္စရေးကို ဒုက္ခပေးနိုင်သည့် နယ်စပ်က ဟစ်ဇ်ဘိုလာ စစ်သွေးကြွ တို့ကို လက်နက်ရိက္ခာ ထောက်ပံ့ပေးသည်။ ယခု အချိန်ထိပင် အစ္စရေးနှင့် ဟစ်ဇ်ဘိုလာ တို့ တိုက်ခိုက်နေကြ တုန်းဖြစ်သည်။ အီရန်နှင့် လည်း ယခုအချိန်ထိ အစ္စရေးက မကျေအေး နိုင်သေးဘဲ ရန်သူတော် အဖြစ် သတ်မှတ်ထား သေးသည်။

ထိုကြားထဲ ပေါင်းစည်းသွား ခဲ့သည်က ဆော်ဒီနှင့် အစ္စရေး ဖြစ်သည်။ ဆက်ဆံရေး က ထားရှိခဲ့သည်မှာ ကြာသော်လည်း ကြားထဲက အဖုအထစ် များကတော့ လျော့မသွား ပေ။ မပြေပြစ်သည့်လမ်း လျှောက်နေကြ
ရင်းမှာပင် အီရန်ကို ဆန့်ကျင်ကြရင်း ပိုမို နီးကပ်ခဲ့ကြသည်။ ၂ဝ၁၅ ခုနှစ် အီရန် နျူကလီးယား သဘော တူညီချက် ပြီးနောက် အီရန်ကဖွံ့ဖြိုး လာတော့မည့် နိုင်ငံတစ်ခု အဖြစ် အလားအလာ ကောင်းလာသည့် အချိန်တွင်လည်း အီရန်ကို ရန်သူတော် အဖြစ် သတ်မှတ်ထားသည့် အစ္စရေးနှင့် ဆော်ဒီ နှစ်နိုင်ငံက ပိုမိုနီးကပ်သွား ခဲ့ပြီး အီရန်ကို မည်သို့ ကိုင်တွယ်ရမည်လဲ ဆိုသည်ကိုပင် လက်တွဲစဉ်းစား နေကြပြီ ဖြစ်ပါကြောင်း တင်ပြလိုက် ရပါသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၂၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger