www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, December 2, 2016

မော်တော်ယာဉ်များအား ဆက်ကြေးကောက်ခံလျက် ရှိသည့် KIA အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့အား တပ်မတော်စစ်ကြောင်း များက သွားရောက်ရှင်းလင်း


နေပြည်တော် ၊ ၂-၁၂-၂၀၁၆

ကချင်ပြည်နယ်၊ ကာမိုင်းမြို့နယ်၊ အွန်ဂထောင် ကျေးရွာအနီးရှိ ယုဇနလမ်းခွဲ၌ ယမန်နေ့နံနက် ၈ နာရီခွဲခန့်တွင် KIA အကြမ်းဖက် သောင်းကျန်းသူ များက ယာဉ်ငယ် သုံးစီးအား တစ်စီးလျှင် ငွေကျပ် တစ်သိန်းစီ ကောက်ခံခဲ့ကြောင်း နှင့် အဆိုပါနေရာ တစ်ဝိုက်သို့ အကြမ်းဖက် သောင်းကျန်းသူ အင်အား ၄ဝ ဦးခန့် ရောက်ရှိနေကြောင်း သတင်းအရ တပ်မတော် စစ်ကြောင်းများက သွားရောက် ရှင်းလင်းခြင်းများ ဆောင်ရွက်လျက် ရှိသည်။

အလားတူ ယနေ့နံနက် ၉ နာရီခန့်တွင် ကာမိုင်းမြို့နယ်၊ ခွန်ဆိုင်ဇွပ် ကျေးရွာနှင့် ဆိုင်းဖရာကျေးရွာ ကြားရှိ ဖားကန့်- နန့်တိန်း -ကာမိုင်း လမ်းကြောင်းပေါ်တွင် သွားလာနေသည့် မော်တော်ယာဉ် များအား KIA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့မှ အင်အား ၂ဝ ဦးခန့်က ဆက်ကြေး ကောက်ခံရန် ပြင်ဆင်နေကြောင်း သတင်းအရ တပ်မတော် စစ်ကြောင်းများက သွားရောက် နယ်မြေ ရှင်းလင်းခြင်းများ ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၄)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger