www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, December 2, 2016

ယဉ်ကျေးမှုဇုန် ၀င်ကြေးများနှင့် ပြတိုက်ဝင်ကြေး နှုန်းထားများကို အများပြည်သူသိရှိစေရန် ထုတ်ပြန်ဖော်ပြ



မန္တလေး ၊ ၂-၁၂-၂၀၁၆

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်း သုတေသန နှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှ ယဉ်ကျေးမှု ဇုန်ဝင်ကြေး များနှင့် ပြတိုက်ဝင်ကြေး နှုန်းထားများကို အများပြည်သူ သိရှိစေရန် ထုတ်ပြန်ဖော်ပြ ထားကြောင်း သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ၏ သတင်းများအရ သိရသည်။

သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန ၏ ယဉ်ကျေးမှုဇုန် များနှင့် ယဉ်ကျေးမှု ဒေသများအဖြစ် ဌာနခွဲ၊ ဌာနစုများ တည်ရှိရာ မန္တလေး၊ ပုဂံ၊ စစ်ကိုင်း၊ မကွေး၊ ပြည်၊ တောင်ကြီး၊ ပုသိမ်၊ မြစ်ကြီးနား၊ လွိုင်ကော်၊ ဘားအံ၊ ဟားခါး၊ မော်လမြိုင်၊ ရန်ကုန်၊ နေပြည်တော် ဌာနခွဲအသီးသီး တည်ရှိရာ ဒေသတို့တွင် ပြည်ပ လေ့လာသူများ၊ ပြည်တွင်း လေ့လာသူများ က ရေှးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များ ကို လေ့လာရာတွင် ဇုန်ဝင်ကြေး နှင့် ပြတိုက်ဝင်ကြေး နှုန်းထားများကို သိရှိနိုင်ကြ စေရန် ထုတ်ပြန် ဖော်ပြပေးခြင်း ဖြစ်သည်။

ထိုသို့ထုတ်ပြန် ဖော်ပြရာတွင် မန္တလေးဌာနခွဲ ယဉ်ကျေးမှုဇုန် နယ်မြေဒေသများ (မန္တလေးတောင်၊ ရွှေကျောင်း၊ အတုမရှိ၊ နန်းတော်၊ ဗားကရာ၊ အင်းဝ) အတွက် နိုင်ငံခြားသား တစ်ဦးလျှင် ငွေကျပ်တစ်သောင်း၊ တကောင်း ရှေးဟောင်း သုတေသန ပြတိုက်၊ အင်းဝ ရှေးဟောင်း သုတေသနပြတိုက်၊ ယဉ်ကျေးမှု ပြတိုက်နှင့် စာကြည့်တိုက်၊ စစ်ကိုင်းဗုဒ္ဓပြတိုက်၊ ရွှေဘို၊ ဟန်လင်း ယဉ်ကျေးမှု ဇုန်နယ်မြေဒေသများ အတွက် နိုင်ငံခြားသား တစ်ဦးလျှင် ငွေကျပ်ငါးထောင် သတ်မှတ် ထားရှိသည်။

အဆိုပါ နေရာဒေသ များသို့ ပြည်တွင်းမှ လေ့လာလိုသူများ အတွက် လူကြီးတစ်ဦးလျှင် ငွေကျပ် ငါးရာနှုန်း သတ်မှတ်ကာ ရဟန်းသံဃာ ၊ သီလရှင် ၊ ကလေးနှင့် ကျောင်းသား၊ ကျောင်းသူများကို အခမဲ့ ခွင့်ပြု ပေးထားကြောင်း၊ ထို့ပြင် ရွှေဘို၊ ဟန်လင်း ယဉ်ကျေးမှုဇုန် နယ်မြေဒေသ များအတွက် ပြည်တွင်းမှ လေ့လာသူများ အတွက် အခမဲ့ခွင့်ပြု ပေးထားကြောင်း သိရသည်။

ပုဂံဌာနခွဲ ပုဂံယဉ်ကျေးမှုဇုန် နယ်မြေအတွက် နိုင်ငံခြားသား တစ်ဦးလျှင် ငွေကျပ် နှစ်သောင်းခွဲ သတ်မှတ် ထားရှိပြီး ပြည်တွင်းမှ လေ့လာသူ များအတွက် အခမဲ့ခွင့်ပြု ပေးထားသည်။ ပုဂံရှေးဟောင်း သုတေသနပြတိုက်၊ မကွေးဌာနခွဲ စလေ ရှေးဟောင်းပြတိုက်၊ ပခန်းကြီး ရှေးဟောင်း သုတေသနပြတိုက်၊ ဗိဿနိုး ရှေးဟောင်း သုတေသန ပြတိုက်၊ ပဲခူးရှေးဟောင်း သုတေသန ပြတိုက်၊ ပြည်ဌာနစု သရေခေတ္တရာ ယဉ်ကျေးမှုဇုန်၊ သီရိခေတ္တရာ ပြတိုက်၊ စစ်တွေ ဗုဒ္ဓပြတိုက်၊ ယဉ်ကျေးမှု ပြတိုက် နှင့် စာကြည့်တိုက်၊ မြောက်ဦးရှေးဟောင်း သုတေသနပြတိုက်၊ ကျောက်တော် ရှေးဟောင်းပြတိုက် များအတွက် နိုင်ငံခြားသား တစ်ဦးလျှင် ငွေကျပ် ငါးထောင်နှုန်း၊ပြည်တွင်းမှ လေ့လာသူများ အတွက် လူကြီးတစ်ဦးလျှင် ငွေကျပ် ငါးရာနှုန်းနှင့် ရဟန်းသံဃာ ၊ သီလရှင်၊ ကလေးနှင့် ကျောင်းသား ၊ ကျောင်းသူများကို အခမဲ့ခွင့်ပြု ပေးထားသည်။

ထို့အတူ တောင်ကြီးဌာနခွဲ ယဉ်ကျေးမှု ပြတိုက်နှင့် စာကြည့်တိုက် ၊ ကျိုင်းတုံယဉ်ကျေးမှု ပြတိုက်၊ ပုသိမ် ဌာနခွဲ ယဉ်ကျေးမှု ပြတိုက်နှင့် စာကြည့်တိုက်၊ မြစ်ကြီးနား ဌာနခွဲ ယဉ်ကျေးမှု ပြတိုက်နှင့် စာကြည့်တိုက်၊ လွိုင်ကော် ဌာနခွဲ ယဉ်ကျေးမှု ပြတိုက် နှင့် စာကြည့်တိုက်၊ ဘားအံဌာနခွဲ ယဉ်ကျေးမှု ပြတိုက်နှင့် စာကြည့်တိုက်၊ ဟားခါးဌာနခွဲ ယဉ်ကျေးမှုပြတိုက် နှင့် စာကြည့်တိုက်၊ မော်လမြိုင် ဌာနခွဲ ယဉ်ကျေးမှုပြတိုက် နှင့် စာကြည့်တိုက်၊ အမျိုးသားပြတိုက် (ရန်ကုန်)၊ ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက် (ရန်ကုန်)၊ အမျိုးသား ပြတိုက် (နေပြည်တော်) အတွက်လည်း နိုင်ငံခြားသား တစ်ဦးလျှင် ငွေကျပ် ငါးထောင်နှုန်း၊ ပြည်တွင်းမှ လေ့လာသူများ အတွက်လူကြီး တစ်ဦးလျှင် ငွေကျပ် ငါးရာနှုန်းနှင့် ရဟန်းသံဃာ ၊ သီလရှင် ၊ ကလေးနှင့် ကျောင်းသား၊ ကျောင်းသူများကို အခမဲ့ခွင့်ပြု ပေးထားကြောင်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၁၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger