www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, December 22, 2016

လွန်ခရုမာဒင် ရေခဲတောင် တောင်တက်ခရီး ၂၀၁၇ ခုနှစ် ဧပြီလတွင် သွားရောက်ရန်စီစဉ်



ပူတာအို ၊ ၂၂-၁၂-၂၀၁၆

ကချင်ပြည်နယ် ပူတာအိုခရိုင် အတွင်း၌ တည်ရှိသော လွန်ခရုမာဒင် ရေခဲတောင် တောင်တက်ခရီးစဉ်ကို ၂ဝ၁၇ ခုနှစ် ဧပြီလတွင် သွားရောက်ရန် စီစဉ်ထားကြောင်း တက္ကသိုလ်ခြေလျင်နှင့် တောင်တက် အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးမျိုးသန့် ထံမှ သိရသည်။

အဆိုပါတောင်သည် အမြင့် ၁ဝ၃၂၂ ပေရှိပြီး ကချင်ပြည်နယ် ပူတာအိုခရိုင် အတွင်း၌ တည်ရှိသည်။ ယင်းတောင်တက် ခရီးတွင် လိုက်ပါ တက်ရောက်မည့် သူများကို ယခုလအတွင်း စခန်းသွင်း လေ့ကျင့်လျက် ရှိကြောင်း သိရသည်။

''တောင်တက် အားကစားဆိုတာ သဘာဝတရားနဲ့ ယှဉ်ပြိုင်ရတဲ့ အားကစားတစ်ခု ဖြစ်ပါတယ်။ တောင်တက် အားကစားသမား ဆိုတာ ကိုယ့်ရဲ့အတ္တကို လျှော့ရမယ်၊ အများအကျိုးကို ကြည့်ရမယ်၊ ကိုယ်ပိုင် ဆုံးဖြတ်ချက်တွေ၊ ကိုယ့်အား ကိုယ်ကိုးမှုတွေနဲ့ ကိုယ့်ခြေကိုယ့်လက် ကိုယ့်အားမာန်နဲ့ တက်ရမယ်၊ တက်နေစဉ် ရုတ်တရက် အားနည်းသွားတဲ့ အားကစားသမား တွေကို တွဲခေါ်ရမယ်၊ ကူညီဖေးမရမယ် ဆိုတဲ့ စိတ်ဓာတ်ကောင်း တွေရရှိမယ်။ လေ့ကျင့်မှု အားကောင်းဖို့ ကလည်း အရေးကြီး ပါတယ် ''ဟု ဦးမျိုးသန့် က ပြောသည်။

ယင်းခရီးစဉ်ကို တက္ကသိုလ်ခြေလျင် နှင့် တောင်တက်အဖွဲ့ချုပ် နှင့် သဘာဝခေါ်သံ ဖောင်ဒေးရှင်းတို့ ပူးပေါင်းလုပ်ဆောင် သွားမည်ဖြစ်သည်။

ထို့ပြင် ရေခဲတောင်ဒေသ၌ နေထိုင်ကြသော ဒေသခံတိုင်းရင်းသား များ၏လူနေမှု သဘာဝဓလေ့စရိုက် များကိုလည်း ရုပ်သံဖြင့် မှတ်တမ်းတင် ရိုက်ကူးသွားမည် ဖြစ်ကြောင်း သိရသည်။

ထိုခရီးစဉ်တွင် တောင်တက်သမား စုစုပေါင်း ၂၅ ဦး လိုက်ပါ တက်ရောက်ရန် လျာထားကြောင်း တက္ကသိုလ်ခြေလျင် နှင့် တောင်တက် အဖွဲ့ချုပ်မှ သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger