www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, December 2, 2016

မုံးကိုးမြို့တိုက်ပွဲတွင် တပ်မတော်သားများက ရဲရဲဝံ့ဝံ့ တိုက်ပွဲဝင်လျက်ရှိ


မုံးကိုးမြို့တွင် တိုက်ပွဲဖြစ်ပွားမှုကို တွေ့ရစဉ်

နေပြည်တော် ၊ ၂-၁၂-၂၀၁၆

၂ဝ၁၆ ခုနှစ်၊ နိုဝင်ဘာ ၂ဝ ရက်မှစ၍ မုံးကိုး- ဖောင်းဆိုင်- ကြူကုတ်- မူဆယ် နှင့် ကွတ်ခိုင်နယ်မြေ အတွင်းရှိ တပ်မတော် စခန်းများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့စခန်းများ၊ ပြည်သူ့စစ် လုံခြုံရေးစခန်း များနှင့် အပြစ်မဲ့ အရပ်သား များအား တိုက်ခိုက် ပစ်ခတ်ခဲ့သော KIA/ TNLA / MNDAA / AA အကြမ်းဖက် သောင်းကျန်းသူ များသည် ယမန်နေ့နံနက် ၉ နာရီခန့်မှစ၍ မုံးကိုးမြို့ရှိ တပ်မတော် စခန်း၊ ပြည်သူ့စစ်စခန်း နှင့် ဟေမိုးလုံ တောင်ဘက်ခြမ်း နေရာများအား သာလွန် အင်အားဖြင့် စခန်းသိမ်း တိုက်ပွဲဆင်နွှဲရန် အကြိမ်ကြိမ် ကျားထိုးခြင်း၊ နှောင့်ယှက် ပစ်ခတ်ခြင်းများ ဆောင်ရွက်ခဲ့သည်။ တပ်မတော် စခန်းများအား သိမ်းပိုက် ရရှိနိုင်ရေး အကြိမ်ကြိမ် အနီးကပ် ကျားထိုး တိုက်ခိုက်ခဲ့ သော်လည်း တပ်မတော်နှင့် ပြည်သူ့စစ် အဖွဲ့များက စခန်းများ မဆုံးရှုံးစေရေး ရွပ်ရွပ်ချွံချွံ ကျားကုတ်ကျားခဲ ပစ်ခတ်တိုက်ခိုက် ခဲ့သဖြင့် ညနေ ၄ နာရီချိန် ခန့်တွင် တိုက်ပွဲအရှိန် ရပ်တန့်သွား ခဲ့သည်။

အဆိုပါတိုက်ပွဲ ဖြစ်စဉ်များ အတွင်း မိမိစခန်းများနှင့် နယ်မြေများ မဆုံးရှုံးစေရေး လေကြောင်း ပစ်ကူနှင့် အမြောက်ပစ်ကူ များကို မိမိတပ်မတော် စခန်းများ၏ ကိုက် ၁ဝဝ ဝန်းကျင်အနီး ကျည်ကျရောက် သည်အထိ အနီးကပ် ရဲရဲဝံ့ဝံ့ ပစ်ကူပေးခြင်း၊ ပစ်ခတ်ခြင်းများ ဆောင်ရွက်ခဲ့ ရသည်။

စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲလာသည့် အကြမ်းဖက် သောင်းကျန်းသူ များသည် အရပ်ဝတ် အများအပြား ဝတ်ဆင်၍ မုံးကိုးမြို့ အတွင်းရှိ အိမ်များ၊ အဆောက်အအုံ များကို အကာအကွယ် ယူကာ မိမိစခန်းများသို့ ချဉ်းကပ် တိုက်ခိုက်လာ သဖြင့် တပ်မတော် အနေဖြင့်လည်း မလွှဲမရှောင်သာ အနီးကပ်ပြန်လည် ပစ်ခတ်တိုက်ခိုက် ခဲ့ရခြင်းနှင့် အနီးကပ် ပစ်ကူ ပေးရခြင်း တို့ကြောင့် နေအိမ်တချို့ ပျက်စီးဆုံးရှုံးမှု ရှိခဲ့ကြောင်း သိရသည်။ 

နိုဝင်ဘာ ၂ဝ ရက် တိုက်ပွဲ စတင်ချိန်မှ စ၍ မုံးကိုးမြို့အတွင်းမှ ပြည်သူများမှာ တစ်ဖက်နိုင်ငံ မန်ဟိုင်းမြို့တွင် တိုက်ပွဲရှောင် ဒုက္ခသည်များ အဖြစ် သွားရောက်ခိုလှုံ နေကြသဖြင့် ယမန်နေ့တိုက်ပွဲ ဖြစ်စဉ်တွင် ပြည်သူများ အထိအခိုက် မရှိကြောင်း သိရှိရသည်။ 

တပ်မတော်စစ်ကူ စစ်ကြောင်းများ ကလည်း အချိန်မီ ရောက်ရှိရေး ကြိုးပမ်း ဆောင်ရွက်လျက် ရှိပြီး ထိခိုက် ပျက်စီးမှု ရှိခဲ့သည့် အဆောက်အအုံ များနှင့် ပတ်သက်၍ နယ်မြေအေးချမ်း ချိန်တွင် ပြန်လည် ထူထောင်ပေး သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ယမန်နေ့ တစ်နေကုန် ပစ်ခတ် တိုက်ခိုက်မှု များတွင် စခန်းအသီးသီးရှိ တပ်မတော်သားများ အနေဖြင့် မိမိတပ်စခန်း များနှင့် လုံခြုံရေး နယ်မြေ လုံးဝဆုံးရှုံးမှု မရှိစေရေး စစ်ပွဲဆိုင်ရာ ဥပဒေနှင့်အညီ စစ်ရေး လိုအပ်ချက် အရ လေကြောင်းပစ်ကူ နှင့် အမြောက်ပစ်ကူ ယူ၍ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ထိုသို့တိုက်ခိုက် ရာတွင် စစ်ပွဲဆိုင်ရာ ဥပဒေ၏ အရေးကြီး သော အခြေခံဥပဒေသ တစ်ခုဖြစ်သည့် အချိုးအစား ညီမျှမှု အခြေခံ သဘောတရား နှင့်အညီ အကြမ်းဖက် သောင်းကျန်းသူများ ခိုအောင်းရာ စစ်ရေး ရည်မှန်းချက် များကိုသာ တိုက်ခိုက်ခဲ့ပြီး တိုက်ခိုက်မှုနှင့် ဆက်စပ် အရပ်ဘက် အဆောက်အအုံများ ထိခိုက်မှု အနည်းဆုံး ဖြစ်အောင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ဆက်လက်၍လည်း စစ်ပွဲဆိုင်ရာ ဥပဒေနှင့် အညီ စစ်ရေး လိုအပ်ချက်အ တွက် လိုအပ်သလောက် အင်အားကိုသာ အသုံးပြုသွားမည် ဖြစ်ကြောင်း သိရှိရသည်။

နှစ်ဖက်ထိခိုက် ကျဆုံးမှုများ စုံစမ်းဆဲဖြစ်ပြီး တပ်မတော်သား များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပြည်သူ့စစ်များ အနေဖြင့် KIA/ TNLA / MNDAA / AA အကြမ်းဖက် သောင်းကျန်းသူ များအား ဆက်လက်ရင်ဆိုင် တိုက်ပွဲဝင်လျက် ရှိကြောင်း သိရှိရသည်။


မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger