www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, December 14, 2016

တပ်မတော်စစ်ကြောင်းက နယ်မြေရှင်းလင်းရေး ဆောင်ရွက်စဉ် အကြမ်းဖက် သောင်းကျန်းသူ အလောင်းတစ်လောင်း ၊ မိုင်းနှင့် လက်နက်/ခဲယမ်းများ သိမ်းဆည်းရမိ



နေပြည်တော် ၊ ၁၄-၁၂-၂၀၁၆

ရှမ်းပြည်နယ် အရှေ့မြောက် ဒေသအတွင်း တပ်မတော် စစ်ကြောင်း များက နယ်မြေရှင်းလင်းရေး ဆောင်ရွက်လျက် ရှိရာ ယမန်နေ့နံနက် ၉ နာရီ ၄၅ မိနစ်ခန့်တွင် မုံးကိုးစခန်း၏ ခြံစည်းရိုးအနီးမှ MNDAA အကြမ်းဖက် သောင်းကျန်းသူ အလောင်း တစ်လောင်း၊ အမ် ၂၁ ကျည် ၂ဝ တောင့်နှင့် လက်ပစ်ဗုံးတစ်လုံး တို့ကို သိမ်းဆည်းရမိ ခဲ့သည်။

အလားတူ တပ်မတော် စစ်ကြောင်းသည် ယမန်နေ့နံနက် ၁ဝ နာရီ ၄ဝ မိနစ်ခန့်တွင် မုံးကိုးမြို့၊ ကိလာပကျေးရွာ ၏ အနောက်တောင်ဘက် မီတာ ၁၅ဝဝ ခန့်အကွာသို့ ရောက်ရှိ ရှင်းလင်းစဉ် ဟန်းကောအတွင်း ယမ်းအပြည့် ထည့်ထားသည့် အကြမ်းဖက် သောင်းကျန်းသူများ ထောင်ထားသော ဒေသန္တရ လက်လုပ်မိုင်း တစ်ခုကို ရှာဖွေတွေ့ရှိ ရှင်းလင်းခဲ့သည်။

ထို့အတူ ယမန်နေ့မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်ခန့် တွင်လည်း မုံးကိုးမြို့၊ ရပ်ကွက် ၆ အနီးရှိ ကြံတောအစပ်မှ အမ် ၂၂ ကျည်အိမ် နှစ်ခု၊ ၄င်းကျည် ၉ဝ တောင့်၊ RPG ပို့ကျည် နှစ်တောင့်၊ ဒီတိုနေတာ ၁၁ ခုနှင့် လက်ကိုင်ဖုန်း တစ်လုံးတို့ကို သိမ်းဆည်းရမိ ခဲ့ပြီး တပ်မတော် စစ်ကြောင်းများက နယ်မြေရှင်းလင်းရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၁)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger