www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, December 9, 2016

အမျိုးသမီးမျိုးဥအိတ်၏ ဇီဝနာရီကို ဓာတုကုထုံးဖြင့် နောက်ပြန်ရွှေ့ နိုင်အောင်ကြိုးပမ်း



လန်ဒန် ၊ ၉-၁၂-၂၀၁၆

အမျိုးသမီးများတွင် မျိုးဥ အရေအတွက် သည် အကန့် အသတ် ရှိသည်ဟု မူလက ယုံကြည်မှတ်ယူ ထားသော်လည်း လေ့လာ ဆန်းစစ်မှု တစ်ရပ်တွင် ဓာတုကထုံး တစ်မျိုးရယူ နေသော အမျိုးသမီးများ၌ မျိုးဥ အရေအတွက် ပြန်တိုးလာ သည်ကို တွေ့ ရှိခဲ့ရပြီး သည့်နောက် အမျိုးသမီး မျိုးဥအိတ်၏ ဇီဝနာရီကို ဓာတုကထုံးဖြင့် နောက်ပြန်ရွှေ့ နိုင်အောင် ကြိုးပမ်းကာ မျိုးဥများကို ထပ်မံထုတ်လုပ် စေနိုင်ရန် ကြိုးပမ်းလျက် ရှိကြောင်း UK ရှိ ဧဒင်ဘတ် တက္ကသိုလ်မှ သုတေသီများက ပြောသည်။ 

" ဓာတုကုထုံးကြောင့် မျိုးဥအသစ်တွေ ထပ်ထုတ်လာအောင် လှုံ့ ဆော်ပေးတာ ဖြစ်နိုင်ပါတယ်။ အရွယ်ရောက်ပြီး အမျိုးသမီးတွေမှာ မျိုးဥအသစ် ထပ်ထွက်လာတာ ဒါပထမဆုံးအကြိမ် ပါပဲ။ ဒါကြောင့် ကိုယ်ဝန်မရနိုင်တဲ့ အမျိုးသမီး တွေကို ကုသမှုပေးတဲ့အခါ ဓာတုကုထုံးကို တွဲဖက် အသုံးပြုမယ့်သဘော သက်ရောက် နေပါတယ်။ ဒါပေမယ့် ဓာတု ကုထုံးကြောင့် ထပ်တိုးလာတဲ့ မျိုးဥတွေက သန္ဓေဆောင်နိုင် လောက်အောင် အရည်အသွေး ပြည့်ဝတယ်၊မပြည့်ဝဘူး ဆိုတာကို ဆက်လက်စူးစမ်း လေ့လာရပါဦးမယ်။ ဒီတွေ့ ရှိမှုကို အတည်ပြု နိုင်ခဲ့ပြီဖြစ်တဲ့ အတွက် အနာဂတ်မှာ လူတွေ ရဲ့ အကျိုးအတွက် ကျယ်ပြန့် စွာ အသုံးပြုနိုင်အောင် ဆက်လက်စူးစမ်း လေ့လာနေပြီ ဖြစ်ပါတယ်။ အဓိကကတော့ ဓာတုကုထုံးမှာ အသုံးပြုတဲ့ ဆေးဝါးတွေနဲ့  မျိုးဥတွေ ထပ်ထွက်လာတာနဲ့  ဘယ်လို ဆက်စပ်မှုတွေ ရှိတယ်ဆိုတဲ့ ကွင်းဆက်ကို ဖော်ထုတ်ရမှာဖြစ်ပါတယ် " ဟု သုတေသီ တစ်ဦးက ပြောပြသည်။ 

" အမျိုးသမီးတစ်မှာ မျိုးဥဘယ်နှစ်လုံး ရှိမယ်ဆိုတာ မွေးကတည်းက သတ်မှတ်ချက် ပါရှိပြီးသားပါ။ ဒါပေမယ့် အဲဒီဥ တွေက follicle လို့ ခေါ်တဲ့ အရာတွေထဲမှာ ရှင်သန်ကြီးထွား ရပါတယ်။ ပုံမှန်အားဖြင့် တစ်လကို follicle တစ်လုံးနှုန်း အရွယ်ရောက်ပြီး ဥတစ်လုံး ထုတ်လွှတ်ပါတယ်။ အမျိုးသမီးတွေ အသက်ရ လာတာနဲ့ အမျှ မျိုးဥအိတ် ထဲမှာရှိတဲ့ follicle အရေအတွက် ကလည်း ကျဆင်းသွားလေ့ ရှိပါတယ်။ အဲဒီ follicle အရေအတွက် ကျဆင်းသွားတဲ့ အခါ ကိုယ်ဝန် ရနိုင်ခြေလည်း နည်းသွားပါတယ် " ဟု ၄င်းက ဆက်လက် ပြောပြသည်။ 

အချို့ သော ကင်ဆာကုထုံး များက follicle ဆုံးရှုံးမှုကို မြန်ဆန်စေကြောင်း၊ ထိုအခါ အမျိုးသမီး၏ ကိုယ်ဝန်ရနိုင်ခြေ ကို ထိခိုက်စေကြောင်း၊ သို့ သော် ယင်းမျိုးဥအိတ်၊ Follicle နှင့် မျိုးဥ အရည်အသွေးကို အကျိုးပြုသော ကင်ဆာ ကုထုံးလည်း ရှိနေသည်ကို ယခု တွေ့ ရှိရခြင်း ဖြစ်ကြောင်း၊ ထို့ ကြောင့် အနာဂတ်တွင် အမျိုးသမီးများ၏ မျိုးဥ အရေအတွက် ထပ်တိုးလာအောင် လုပ်ဆောင် လာနိုင်ဖွယ် ရှိနေကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger