www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, December 14, 2016

ကွတ်ခိုင်မြို့နယ် ၊ နမ့်ကွတ်ရွာနှင့် နမ့်ဖလွန်းရွာအကြား လက်နက်ငယ်ထိမှန်ပြီး ပျက်စီးနေသည့် မော်တော်ယာဉ်တစ်စီးနှင့်အတူ အလောင်းတစ်လောင်း တွေ့ရှိ


ပျက်စီးနေသော မော်တော်ယာဉ်တစ်စီးကို တွေ့ရစဉ်

နေပြည်တော် ၊ ၁၄-၁၂-၂၀၁၆

ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ အတွင်း တပ်မတော် စစ်ကြောင်းများက နယ်မြေ ရှင်းလင်းရေး ဆောင်ရွက်စဉ် ယမန်နေ့နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်တွင် နမ့်ကွတ်ရွာနှင့် နမ့်ဖလွန်းရွာ အကြား ရှုခင်းသာနေရာ တစ်ဝိုက်တွင် ယာဉ်ကြော ပိတ်ဆို့လျက် ရှိကြောင်း သတင်းအရ လမ်းဘေးဝဲ/ယာ တစ်လျှောက်အား ဖြန့်ခွဲ ရှင်းလင်းစဉ် မိုင်တိုင်အမှတ်၊ ၂၃၇/၃ အနီး ကားလမ်း ဘယ်ဘက်ခြမ်း မီတာ ၃ဝ ခန့်အကွာ လျှိုအတွင်း၌ ယာဉ်တစ်စီး တိမ်းမှောက် နေသည်ကို တွေ့ရှိရသဖြင့် ယာဉ်အား အသေးစိတ် စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

အသေးစိတ် စစ်ဆေးချက်အရ ယာဉ်အမှတ်၊ MDY 6K/ ----- ပရိုဘောက် (အဖြူရောင်) ယာဉ်၏ အင်ဂျင်အဖုံး၌ လက်နက်ငယ် ကျည်ဖောက်ဝင် ထားသည့် အပေါက်သုံးပေါက် နှင့် ရှေ့လေကာမှန်/ နောက်ပိတ် တံခါးမှန်များ ကြေမွပျက်စီး နေပြီး ယာဉ်မောင်းဖြစ်သူ မြစ်သားမြို့နေ ရဲမောင်(ဘ) ဦးသံချောင်းမှာ ဝမ်းဗိုက်တွင် လက်နက်ငယ်ကျည် ထိမှန်သေဆုံး နေသည်ကို တွေ့ရှိရသည်။

သေဆုံးသူ အလောင်းအား သယ်ယူပို့ဆောင် နိုင်ရေးအတွက် ကွတ်ခိုင်မြို့မ ရဲစခန်းသို့ ဆက်သွယ် အကြောင်းကြားပြီး ဖြစ်ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၁)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger