www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, December 13, 2016

အမေရိကန်ပြည်ထောင်စု မီချီဂန်ပြည်နယ်တွင် မောင်းသူမဲ့ယာဉ် များကို အများပြည်သူသုံး လမ်းမများပေါ်တွင် စတင် မောင်းနှင်ခွင့်ပြု




မီချီဂန် ၊ ၁၃-၁၂-၂၀၁၆

အမေရိကန် ပြည်ထောင်စု၊ မီချီဂန်ပြည်နယ် တွင် မောင်းသူမဲ့ ယာဉ်များ၊ စီယာတိုင်မဲ့ ယာဉ်များနှင့် တစ်စီးလုံး အော်တိုစနစ်ဖြင့် မောင်းနှင်မည့် ယာဉ်များအားလုံးကို အများပြည်သူသုံး လမ်းမများ ပေါ်တွင် စတင် မောင်းနှင်ခွင့်ပြု လိုက်သည့် ဥပဒေကို ပြည်နယ် အုပ်ချုပ်ရေးမှူး က လက်မှတ်ရေးထိုး ခွင့်ပြုပေးအပ် လိုက်ပြီ ဖြစ်ကြောင်း သိရသည်။

မီချီဂန်ပြည်နယ် အုပ်ချုပ်ရေးမှူး Rick Snyder က မောင်းသူမဲ့ယာဉ် အမျိုးမျိုးကို မီချီဂန်ပြည်နယ် အတွင်း အများပြည်သူသုံး လမ်းများပေါ်တွင် မောင်းနှင်ခွင့်ပြု သည့်ဥပဒေ ၄ မျိုးကို လက်မှတ်ရေးထိုး ခဲ့ရာ မောင်းသူမဲ့ယာဉ်များ ထုတ်လုပ်နေသည့် Ford Model T နှင့် Ford Fusion ကားကုမ္ပဏီ တို့ မှ  အကြီးအကဲများ တက်ရောက် ခဲ့ကြောင်း၊ သို့ ဖြစ်၍ ယခင်က မောင်းသူမဲ့ယာဉ် များကို စမ်းသပ်ရန်ပင် အကန့် အသတ် ဖြင့်သာ ခွင့်ပြုခဲ့သော မီချီဂန်ပြည်နယ် တွင် ယခုအခါ အလိုအလျောက် မောင်းနှင်သည့် ယာဉ်များကို လွတ်လပ်စွာ အသုံးပြုခွင့် ရှိလာပြီ ဖြစ်ကြောင်း သိရသည်။ 

" အမေရိကန် ပြည်ထောင်စု မှာ မောင်းသူမဲ့ ယာဉ်တွေကို အများပြည်သူပိုင် လမ်းတွေပေါ်မှာ တရားဝင် မောင်းနှင်ခွင့် ပြုလိုက်တာ မီချီဂန် က ပထမဆုံး ဖြစ်ပါတယ်။ ကယ်လီဖိုးနီးယား မှာလည်း ဒီလို ခွင့်ပြုချက်မျိုးတွေ ပေးအပ်ဖို့  စတင် ဆောင်ရွက်နေပါပြီ။ ကမ္ဘာပေါ်မှာ တစ်ခါမှမရှိဖူးသေး တဲ့ မောင်းသူမဲ့ယာဉ် တွေကို အခုလိုလူတွေ၊ ကားတွေကြားထဲ စေလွှတ်မယ့် ကိစ္စ အဆင်ပြေ ချောမွေ့ မှု ရှိပါ့မလားလို့  သံသယဖြစ်ပြီး စိုးရိမ်သူတွေလည်း ရှိနေပါတယ် " ဟု မီချီဂန် တက္ကသိုလ်၊ သယ်ယူ ပို့ ဆောင်ရေး သုတေသနဌာနမှ စီမံကိန်းမန်နေဂျာ Brandon Schoettle က ပြောသည်။

အမေရိကန် ပြည်ထောင်စု တွင် မောင်းသူမဲ့ယာဉ်များ မောင်းနှင် အသုံးပြုခွင့်ကို ပြည်နယ်အများစု၌ စိစစ် ဆောင်ရွက်လျက် ရှိရာ ၂၀၁၂ ခုနှစ်မှ ယနေ့ အချိန်အထိတွင် ပြည်နယ်ပေါင်း ၃၄ ခုထက်မနည်း ရှိနေပြီ ဖြစ်ကြောင်း၊ အမေရိကန် တွင် မောင်းသူမဲ့ယာဥ်မှတ်ပုံတင်ခွင့် အတွက် ကြီးလေးသော အခွန်အခ သတ်မှတ်ထားကြောင်း၊ မော်တော်ယာဉ် တစ်စီးလုံး၏ ဈေးနှုန်းထက်ပင် ပို၍ မြင့်မားကြောင်း၊ နောက်ထပ် စိန်ခေါ်မှု တစ်ခုမှာ အများပြည်သူက လက်သင့်မခံလို ခြင်းဖြစ်ကြောင်း၊ နည်းပညာ မည်မျှပင် မြင့်မားသည် ဖြစ်စေ၊ မောင်းသူမဲ့ ယာဉ် များကို ယာဉ်တန်းကြားတွင် တွေ့ မြင်ရသည့် အခါ ၄င်းတို့ မှာ အထိတ်တလန့်  ဖြစ်ရကြောင်း လေ့လာ စောင့်ကြည့်သူများ က ပြောသည်။

မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger