www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, December 23, 2016

လင်းပိုင်ထိန်းသိမ်းရေး ဧရိယာပြင်ပရှိ ကျေးရွာနှစ်ရွာကို လူထုအခြေပြုခရီးသွားလုပ်ငန်း အဖြစ် ဖော်ဆောင်သွားမည်



မန္တလေး ၊ ၂၃-၁၂-၂၀၁၆

ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး ဧရိယာ ပြင်ပရှိ ဒုတိယပုဂံအဖြစ် တင်စားခေါ်ဝေါ် ကြသည့် ရှေးဟောင်း စေတီတော်များ ရှိသော ကျေးရွာနှစ်ရွာကို လူထုအခြေပြု ခရီးသွား လုပ်ငန်းအဖြစ် ဖော်ဆောင် သွားမည် ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး ငါးလုပ်ငန်း ဦးစီးဌာန ဧရာဝတီလင်းပိုင် ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောပြ၍ သိရသည်။

ယခင်က ဧရာဝတီ မြစ်ကြောင်း တစ်လျှောက် မန္တလေးမှ ကျောက်မြောင်း ထိကို ဧရာဝတီ လင်းပိုင် ထိန်းသိမ်းရေး ဧရိယာအဖြစ် သတ်မှတ်ထားကာ ၄င်း လင်းပိုင် ထိန်းသိမ်းရေး ဧရိယာအတွင်းရှိ ဧရာဝတီ လင်းပိုင်နှင့် ကွန်ပစ် ငါးဖမ်းသည့် ရေလုပ်သားတို့ကို ၀င်ငွေ ရရှိစေမည့် လူထု အခြေပြု ခရီးသွားလုပ်ငန်း ဖော်ဆောင်ခဲ့ရာ မှ ယခုလက်ရှိ အချိန်တွင် အောင်မြင်မှု အနေဖြင့် အတိုင်းအတာ တစ်ခုသို့ ရောက်ရှိနေပြီ ဖြစ်သည့်အတွက် လူထုအခြေပြု ခရီးသွား လုပ်ငန်းကို ထပ်မံတိုးချဲ့ ဖော်ဆောင်နိုင်ရန် လင်းပိုင် ထိန်းသိမ်းရေး ဧရိယာပြင်ပရှိ ကျေးရွာနှစ်ရွာ ဖြစ်သည့် ရှိမ်းမကား ကျေးရွာနှင့် အင်ဒေါင်းကျေးရွာ တို့တွင် လူထုအခြေပြု ခရီးသွားလုပ်ငန်း ကို ဖော်ဆောင် သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ခရီးသွားလုပ်ငန်း ဖော်ဆောင်မည့် လင်းပိုင် ထိန်းသိမ်းရေး ဧရိယာပြင်ပရှိ ကျေးရွာများကို ပြီးခဲ့သည့် သြဂုတ်လက မြေနေရာ အနေအထား၊ ဘုရားစေတီပုထိုး များ၏ အနေအထား နှင့် အမှိုက်ပုံးများ ထားရှိမည့် နေရာများ ကိုလည်း သွားရောက်ကြည့်ရှု လေ့လာမှုများ ပြုလုပ်ပြီး ဖြစ်ကြောင်း၊ ၄င်းကျေးရွာရှိ ကွန်ပစ်ရာတွင် ကျွမ်းကျင်မှု မရှိသည့် ရေလုပ်သား များကိုလည်း ကျွမ်းကျင် ရေလုပ်သား များက လက်တွေ့သင်ကြား ပြသပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ထိုသို့ လူထုအခြေပြု ခရီးသွားလုပ်ငန်း ဖော်ဆောင်မည့် ကျေးရွာ နှစ်ရွာတွင် ဧရာဝတီလင်းပိုင် ကြည့်ရှုပြီး ရှေးဟောင်း ဘုရားစေတီ များနှင့် အခြားလက်မှု ပညာဖြင့် ပြုလုပ်ထားသည့် ပစ္စည်းများကို ဝင်ရောက် လေ့လာကြမည့် ခရီးသွားများ အတွက် ဝန်ဆောင်မှု အပြည့် ပေးနိုင်ရန် အတွက် ကျေးရွာများတွင် နွားလှည်း မောင်းနှင်သည့် အဖွဲ့နှင့် ထမင်းချက်သည့် အဖွဲ့တို့ထား၍ မိမိတို့၏ တာဝန်အလိုက် စုစည်းကာ အဖွဲ့အစည်း အလိုက် လုပ်ဆောင် သွားမည် ဆိုပါက ခရီးသွားလုပ်ငန်း ဖော်ဆောင်မှုတွင် အောင်မြင်မှု ရရှိလာမည့်အပြင် ကျေးရွာရှိ ရေလုပ်သားများပါ ဝင်ငွေပိုမိုရရှိမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger