www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, November 8, 2016

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့ ဘယ်လ်ဂျီယံနိုင်ငံရှိ Waterloo သို့ သွားရောက်လေ့လာ ၊ မြန်မာသံရုံးမိသားစုများအား တွေ့ဆုံ


ဘရပ်ဆဲလ်မြို့ရှိ Waterloo စစ်ပွဲအထိမ်းအမှတ်ပြတိုက် Memorial 1815 ကိုတွေ့ရစဉ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဘရပ်ဆဲလ်မြို့ရှိ Waterloo စစ်ပွဲအထိမ်းအမှတ် ပြတိုက် Memorial 1815 သို့ သွားရောက်ကြည့်ရှု လေ့လာစဉ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဘရပ်ဆဲလ်မြို့ရှိ မြန်မာနိုင်ငံသံရုံးမှ သံရုံးမိသားစုများအား တွေ့ဆုံစဉ်

နေပြည်တော် ၊ ၈-၁၁-၂၀၁၆

ဘယ်လ်ဂျီယံနိုင်ငံ သို့ ရောက်ရှိနေသည့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ကိုယ်စားလှယ် အဖွဲ့သည် ဘယ်လ်ဂျီယံ နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးပေါ်လွင်စိန် နှင့်အတူ နိုဝင်ဘာ ၆ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်တွင် ဘရပ်ဆဲလ်မြို့ရှိ Waterloo စစ်ပွဲ အထိမ်းအမှတ်ပြတိုက် Memorial 1815 သို့သွားရောက် ကြည့်ရှုလေ့လာ ကြပြီး ဘရပ်ဆဲလ်မြို့ အနီး Wallonia ဒေသ Namur မြို့သို့ သွားရောက် လေ့လာ ကြည့်ရှုသည်။

ဘယ်လ်ဂျီယံ နိုင်ငံတွင် Brussels ဒေသ၊ Wallonia ဒေသနှင့် Flanders ဒေသဟူ၍ ဒေသ ၃ ခုရှိပြီး Namur မြို့သည် Wallonia ဒေသ၏ မြို့တော်ဖြစ်သည်။ Namur မြို့သည် အလွန်သာယာ လှပသည့်အပြင် မြို့၏အလယ် တွင် Sambre တူးမြောင်းသည် ကွေ့ဝိုက် စီးဆင်းလျက်ရှိကာ Meuse မြစ်နှင့်ချိတ်ဆက်၍ မြောက်ဘက်တွင် ဂျာမနီနယ်စပ်၊ နယ်သာလန်နိုင်ငံ တို့မှတစ်ဆင့် North Sea ပင်လယ်အထိ ဖြတ်သန်း စီးဆင်းပြီး တောင်ဘက်တွင် ပြင်သစ်နိုင်ငံသို့ ဖြတ်သန်း စီးဆင်းသည်။

ထို့နောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် နှင့်အဖွဲ့သည် ဘရပ်ဆဲလ်မြို့ရှိ မြန်မာနိုင်ငံသံရုံးသို့ ရောက်ရှိကြရာ ဘယ်လ်ဂျီယံ နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးပေါ်လွင်စိန်နှင့် သံရုံးမိသားစု များက ကြိုဆိုနှုတ်ဆက် ကြသည်။

ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က သံရုံးဧည့်ခန်းမ၌ အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံနှင့် ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံများအကြား၊ နှစ်နိုင်ငံ တပ်မတော်နှစ်ရပ် အကြား ဆက်ဆံရေး တိုးတက်စေရေး ကြိုးပမ်း ဆောင်ရွက် သွားကြရန် လိုအပ်ကြောင်း၊ ထို့အပြင် စီးပွားရေး တိုးတက်ခိုင်မာမှ နိုင်ငံဖွံ့ဖြိုး တိုးတက်မည် ဖြစ်ရာ စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေး အတွက် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ကဏ္ဍများတွင် ပိုမိုပူးပေါင်း လုပ်ဆောင် နိုင်ရေး ကြိုးစားသွားရမည် ဖြစ်ကြောင်းဖြင့် တိုက်တွန်း ပြောကြားသည်။ 

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က အမှတ်တရ ပစ္စည်းများနှင့် စားသောက်ဖွယ်ရာ များပေးအပ်ရာ သံအမတ်ကြီး ဦးပေါ်လွင်စိန် နှင့်ဇနီး၊ သံရုံးဝန်ထမ်း များက လက်ခံရယူ ကြသည်။ ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များအား သံရုံးမိသားစု များက ညစာဖြင့် တည်ခင်းဧည့်ခံ ကြသည်။

ယခု ခရီးစဉ်သည် မြန်မာ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ၏ ဘယ်လ်ဂျီယံ နှင့် ဥရောပဒေသသို့ ပထမဆုံး ခရီးစဉ်ဖြစ်ပြီး ဘယ်လ်ဂျီယံ နိုင်ငံနှင့် ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံများ၏ တပ်မတော်များနှင့် ဆက်ဆံရေး တိုးမြှင့်နိုင်ရေး အတွက် သမိုင်းဝင်ခရီးစဉ် တစ်ခု ဖြစ်ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၇)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger