www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, November 18, 2016

The Atlantic Daily သတင်းဌာနမှ ရွေးချယ်သော ကမ္ဘာတစ်လွှား အကောင်းဆုံး Supermoon 2016 ဓာတ်ပုံများထဲတွင် မြန်မာနိုင်ငံမှ ဓာတ်ပုံနှစ်ပုံပါဝင်


The moon rises behind the mountain range seen from Naypyitaw, Burma, on November 14, 2016. 

A tree is silhouetted as a supermoon rises over Heho, Burma's Shan state, on November 14, 2016.

ရန်ကုန် ၊ ၁၈-၁၁-၂၀၁၆

The Atlantic Daily သတင်းဌာနမှ ရွေးချယ်သော ကမ္ဘာ တစ်လွှား အကောင်းဆုံး Supermoon 2016 ဓာတ်ပုံများထဲတွင် မြန်မာနိုင်ငံမှ ဓာတ်ပုံဆရာ နှစ်ဦး၏ ဓာတ်ပုံနှစ်ပုံလည်း ပါဝင်ကြောင်း သိရသည်။

နှစ်ပေါင်း ၇ဝ အတွင်း လကို ကမ္ဘာဂြိုဟ်မှ အကြီးမားဆုံးနှင့် အတောက်ပဆုံး မြင်တွေ့ရသော Supermoon 2016 မြင်ကွင်းကို နိုဝင်ဘာ ၁၄ ရက်ညက ကမ္ဘာတစ်လွှား ၌ မြင်တွေ့ခဲ့ကြ သဖြင့် ဓာတ်ပုံပညာရှင် များနှင့် ဝါသနာရှင် များက ဓာတ်ပုံရိုက်ယူ ကြပြီး အင်တာနက် ပေါ်တွင် တင်ခဲ့ကြသည်။

အဆိုပါဓာတ်ပုံ များထဲမှ အကောင်းဆုံး Supermoon 2016 ဓာတ်ပုံ ၂၁ ပုံကို The Atlantic Daily သတင်းဌာနမှ ရွေးချယ်ကာ ၄င်း၏ အင်တာနက် ဝက်ဘ်ဆိုက် ဖြစ်သော www.theatlantic.com သတင်း စာမျက်နှာ၌ ဖော်ပြထားကာ ထိုဓာတ်ပုံ ၂၁ ပုံတွင် မြန်မာနိုင်ငံအတွင်း ရိုက်ယူခဲ့သော ပြည်တွင်းမှ ဓာတ်ပုံဆရာ အောင်ရှိုင်းဦးနှင့် ရဲအောင်သူ တို့၏ ဓာတ်ပုံနှစ်ပုံ လည်း ပါဝင်သည်။

ဓာတ်ပုံဆရာ အောင်ရှိုင်းဦး ၏ ဓာတ်ပုံကို အမှတ်စဉ် (၃) နေရာ၌ ဖော်ပြထားပြီး နေပြည်တော် အနီးရှိ တောင်တန်းများ ကြားမှ Supermoon လမင်းကြီး ထွက်ပေါ်လာပုံ (ပုံ-၁)ကို ရိုက်ကူးထားခြင်း ဖြစ်ကြောင်း သိရသည်။

အမှတ်စဉ် (၁၅) နေရာ၌ ဖော်ပြထားသော ဓာတ်ပုံဆရာ ရဲအောင်သူ ၏ဓာတ်ပုံမှာ ရှမ်းပြည်နယ် ဟဲဟိုးမြို့၌ ရိုက်ကူးထားခြင်း ဖြစ်ပြီး အဖြူရောင် လမင်းကြီးကို နောက်ခံပြုကာ သစ်ပင်တစ်ပင် ၏ ပုံရိပ် (ပုံ-၂)ကို ရိုက်ယူထားသည်။

ထို The Atlantic Daily သတင်းဌာန၏ သတင်းစာမျက်နှာ ၌ ဖော်ပြထားသော ကျန်ဓာတ်ပုံများမှာ အမေရိကန်၊ အင်္ဂလန်၊ သြစတြေးလျ၊ ကာဇက်စတန်၊ ဟောင်ကောင်၊ ဗီယက်နမ်၊ နီပေါ၊ ထိုင်း၊ စပိန်၊ ဘင်္ဂလားဒေ့ရှ် နှင့် တရုတ်နိုင်ငံ တို့၌ ရိုက်ကူးထားသော ဓာတ်ပုံများ ဖြစ်သည်။

အဆိုပါ Supermoon ဖြစ်စဉ်ကို လွန်ခဲ့သော ၁၉၄၈ ခုနှစ်ကလည်း တွေ့ကြုံခဲ့ဖူးပြီး နောက်ထပ် ၁၈ နှစ်အကြာ ၂ဝ၃၄ ခုနှစ်တွင် Supermoon ဖြစ်စဉ်ကို ထပ်မံတွေ့ကြုံ ဦးမည် ဖြစ်ကြောင်း သိရသည်။

ဆောင်းဦး

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger