www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, November 23, 2016

KIA/TNLA အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့က တပ်မတော်ယာဉ်တန်းအား ဆွဲမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်


နေပြည်တော် ၊ ၂၃-၁၁-၂၀၁၆

ရှမ်းပြည်နယ် အရှေ့မြောက် ဒေသအတွင်း နယ်မြေတည်ငြိမ် အေးချမ်းမှု ရရှိရေး ဆောင်ရွက်ရန် ထွက်ခွာလာသော တပ်မတော် ယာဉ်တန်း သည် ယမန်နေ့ မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် သိန်းနီမြို့နယ်၊ မန်ပိန်းကျေးရွာ ၏ မြောက်ဘက် ၁ မိုင်ခန့်အကွာ သို့ရောက်ရှိစဉ် KIA/TNLA အကြမ်းဖက် သောင်းကျန်းသူ ပူးပေါင်း အဖွဲ့အင်အား ၃ဝ ဦးခန့်က ယာဉ်တန်းအား ဆွဲမိုင်းတစ်လုံး ဖောက်ခွဲ၍ လက်နက်ကြီး/ လက်နက်ငယ် များဖြင့် စတင်ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် တပ်မတော် စစ်ကြောင်းက ပြန်လည်ပစ်ခတ် တိုက်ခိုက်ရာ ရန်သူမှာ အနောက်ဘက်သို့ ပြန်လည်ဆုတ်ခွာ သွားခဲ့သည်။

အဆိုပါ ယာဉ်တန်းသည် ၄င်းနေရာမှ ဆက်လက် ထွက်ခွာလာရာ ယမန်နေ့ညနေ ၄ နာရီခွဲခန့်တွင် ကွတ်ခိုင်မြို့နယ်၊ မန်လွင်ကျေးရွာ ၏အရှေ့ဘက် ၁ မိုင်ခန့်အကွာ သို့ ရောက်ရှိစဉ် အကြမ်းဖက် သောင်းကျန်းသူ များက ရီမုမိုင်း တစ်လုံးဖြင့် ထပ်မံဖောက်ခွဲ တိုက်ခဲ့သည်။

ဖြစ်စဉ်များတွင် မော်တော်ယာဉ် တစ်စီး မိုင်းစထိမှန် ပျက်စီးခဲ့ပြီး တပ်မတော်မှ အရာရှိ၊ စစ်သည်တချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

အဆိုပါနေရာ အနီးတစ်ဝိုက်အား တပ်မတော် စစ်ကြောင်းက နယ်မြေရှင်းလင်းရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။


မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၁)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger